၃. ၇. ၂၀၂၃
Written by Peya

ပရီးမီးယားလိဂ်အကြောင်း ဟာသတွေကို ဖော်ပြနေသည့် ပြည်ပအခြေစိုက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုက ပြုလုပ်သည့် အွန်လိုင်း ကမ္ဘာ့ဖလားတွင် မြန်မာဘောလုံးအသင်းက အင်္ဂလန်အသင်းကို Like ပေးသူအရေအတွက် အသာဖြင့် အနိုင်ရသွားကြောင်း တွေ့မြင်ရသည်။

Premier League Memes အမည်ရှိ ဖေ့စ်ဘွတ်ခ် ပေ့ချ် က Virtual World အမည်ဖြင့် နိုင်ငံအသင်း ၁၆ သင်းကို ရွေးချယ်ကာ ပရိတ်သတ်များ၏ Like ဖြင့် အနိုင်အရှုံးကို ရွေးချယ်စေခဲ့ရာ မြန်မာအသင်းက Like လုပ်သူပေါင်း ၉၀၀ နီးပါးဖြင့် အင်္ဂလန်အသင်းကို အနိုင်ရသွားခြင်းဖြစ်ပြီး ဆက်လက်၍လည်း Like များ တက်နေသည်ကို တွေ့ရသည်။

မြန်မာအသင်းဘက်က Like ပေးခဲ့သူများထဲတွင် မြန်မာနိုင်ငံသားများသာမကဘဲ အာဆီယံ ဒေသတွင်းမှ နိုင်ငံသားများပါ အများစု ပါဝင်နေသည်ကိုလည်း တွေ့ရသည်။

အဆိုပါ ပေ့ချ် က ရွေးချယ်ခဲ့သည့် ၁၆ သင်း အဆင့် ပြိုင်ပွဲတွင် ကိုဆိုဗိုနှင့် တူနီးရှား၊ အင်္ဂလန်နှင့် မြန်မာ၊ အင်ဒိုနီးရှားနှင့် အီဂျစ်၊ နီပေါနှင့် အယ်လ်ဂျီးရီးယား၊ မောရေးသျှနှင့် မော်ရိုကို၊ တောင်အာဖရိကနှင့် ဆီနီဂေါ၊ ဘော့ဆွာနာနှင့် ပေါ်တူဂီ၊ မလေးရှားနှင့် ဇမ်ဘီယာ တို့ကို တွဲပြီး ပရိတ်သတ်များ၏ Like ဖြင့် အနိုင်၊ အရှုံးကို ဆုံးဖြတ်စေခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *