လာမယ့်နှစ်အစောပိုင်း စင်ကာပူမှာ ခြောက်ရက်တိုင်တိုင်ဖျော်ဖြေမဲ့ တေလာဆွစ်ဖ်ပွဲ အလွန်အမင်း အားပေးခံနေရ
၂၆. ၆. ၂၀၂၃
ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ ကမ္ဘာ့လှည့် ဖျော်ဖြေရေးခရီးစဉ် The Eras Tous ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လာမယ့်နှစ်အစောပိုင်းမှာ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေသွားမှာဖြစ်ပြီး ကနဦးအစီအစဉ်က ၃ ရက်သာ ဖျော်ဖြေဖို့စီစဉ်ခဲ့ပေမဲ့ ပရိသတ်တွေရဲ့ အလွန်အမင်းအားပေးမှုနဲ့ တုံ့ပြန်မှုတွေကြောင့် ၃ ရက်ထပ်မံတိုးခဲ့ကာ စုစုပေါင်းခြောက်ရက် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
တေလာဆွစ်ဖ်ဟာ စင်ကာပူနိုင်ငံရဲ့ အမျိုးသားအားကစားကွင်းမှာ ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်ကနေ ၄ ရက်၊ ၇ရက်ကနေ ၉ ရက်တို့မှာ ဖျော်ဖြေသွားမှာပဲ ဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာ ကျင်းပမယ့် သူမရဲ့တစ်ခုတည်းသော ဖျော်ဖြေပွဲဖြစ်တာနဲ့အညီ မြန်မာနိုင်ငံက တေလာဆွစ်ဖ် ပရိသတ်တွေအပါအဝင် အိမ်နီးနားချင်းနိုင်ငံတွေက ပရိသတ်တွေက ဖျော်ဖြေပွဲလက်မှတ်တွေ ရရှိဖို့ ကြိုးစားပြင်ဆင်နေကြပြီး စင်ကာပူက လူငယ်ပရိသတ်အချို့ဟာလည်း သူမရဲ့ဖျော်ဖြေပွဲနေ့တွေကို ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ စင်ကာပူပညာရေးဝန်ကြီး Chan Chun Sing ကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
တေလာဆွစ်ရဲ့The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ထဲမှာ ပါဝင်တဲ့ အာရှနိုင်ငံနှစ်ခုမှာ စင်္ကာပူနိုင်ငံအပြင် ဂျပန်နိုင်ငံတို့ဖြစ်ကြပါတယ်။
တေလာဆွစ်ရဲ့ စင်ကာပူဖျော်ဖြေပွဲကို ပရိတ်သတ် ၂ သိန်းကျော် တက်ရောက်ဖို့ မျှော်လင့်ထားပြီး အနယ်နယ်အရပ်ရပ်က ဖျော်ဖြေပွဲကို လာရောက်သူတွေကြောင့်လည်း ဒေသတွင်း စီးပွားရေးအင်အား တိုးတက်မှုကို မျှော်လင့်နိုင်ပါသေးတယ်။
Love Story နဲ့ You Belong With Me အပါအဝင် ပေါ့ပ်တေးသီချင်းများစွာနဲ့ လူသိများ ထင်ရှားတဲ့ တေလာဆွစ်က စင်ကာပူမှာ နောက်ဆုံးဖျော်ဖြေပွဲလုပ်ခဲ့တာက The 1989 World Tour အတွက် ၂၀၁၅ ခုနှစ်က ဖြစ်ပါတယ်။
Ref; The Straits Times, The Economic Times
