MT News

Photo & Writer Tha Doe

ဗီယက်နမ်နိုင်ငံနဲ့ နိုင်ငံခြားမှာနေတဲ့ ဗီယက်နမ်အလှူရှင်တွေစုပေါင်းပြီး ဇွန်လ ၁၈ ရက် မနက် ၇ နာရီကစ ရွှေတိဂုံရင်ပြင်တော်မှာ ရွတ်ဖတ်ပူဇော်ပြီး သံဃာအပါး (၁၀၀၀) ကို ဆွမ်းတော်ကြီးလောင်းလှူမှုနဲ့ တခြားလှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

This image has an empty alt attribute; its file name is 347239996_122297347554415_8706079780030387128_n.jpg

This image has an empty alt attribute; its file name is 347437843_122297927554357_8279080015672210642_n-1024x574.jpg

ရွှေတိဂုံရင်ပြင်တော် တောင်ဘက်မုခ်မှာ ပြုလုပ်ခဲ့တဲ့ ဒီလှူဒါန်းမှုကို ဗီယက်နမ်နဲ့ ရက္ခိတစွမ်းအားအဖွဲ့ ပူးပေါင်းဆပ်ကပ်ခဲ့တာဖြစ်သလို ဗီယက်နမ်က ဆရာတော်၊ သံဃာတော်တွေကလည်း ဆက်ကပ်လှူဒါန်းမှု ခံယူခဲ့ပါတယ်။

ဒီနေ့ ဆွမ်းတော်ကြီးလောင်းလှူပွဲမှာ ဗီယက်နမ်နိုင်ငံက သံဃာအပါး ၂၀၀ ကျော် ကပ်လှူခံခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် မိသားစုကလည်း သံဃာတော်အရှင်သူမြတ်တွေကို ဆွမ်းသပိတ်လုံးကပ်လှူခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်ခဲ့ပါတဲ့အပြင် ဗီယက်နမ်နဲ့ မြန်မာနိုင်ငံက အလှူရှင်တွေကလည်း လှူဖွယ်ပစ္စည်းတွေနဲ့ ဝတ္ထုငွေတွေကိုလည်း ကပ်လှူခဲ့ကြပြီး လိုက်ပါလာတဲ့ကပ္ပိယတွေဆီ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *