၁၇. ၆. ၂၀၂၃
Written / Photo by Thandar, Peya
မိုခါမုန်တိုင်း ရန်ပုံငွေ ဘောလုံးပွဲနဲ့ တေးဂီတဖျော်ဖြေပွဲကို ဒုတိယမြောက် နောက်ဆုံးနေ့အဖြစ် ဒီနေ့ ဇွန်လ ၁၇ ရက် နေ့လည်ပိုင်းက စတင်ပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏဘောလုံးကွင်းမှာ ကျင်းပပြုလုပ်နေပါတယ်။
အဆိုပါ အခမ်းအနားမှာ တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ရာ အဆိုတော် ရာဝန ၊ မီးနို ၊ အိမ့်ချစ် ၊ ဆိုတေး တို့က တေးသီဆို ဖျော်ဖြေခဲ့ကြပါတယ်။
ပထမပွဲစဉ်အနေနဲ့ Forever FC ဘောလုံးအသင်းနဲ့ ညွန့်ပေါင်းဘောလုံးအသင်း Old Star FC တို့က တတိယနေရာလုပွဲအတွက် ယှဉ်ပြိုင်နေသလို ရုပ်ရှင်ဘောလုံးအသင်း Movie FC နဲ့ ဂီတဘောလုံးအသင်း Music FC တို့က ဗိုလ်လုပွဲအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီနေ့မှာ ပရိသတ်တစ်ဦး ကျပ် ၃၀၀၀ နဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပြုထားတဲ့အတွက် လုံခြုံရေးတင်းကျပ်ထားတာလည်း တွေ့မြင်ရပါတယ်။



































