MT News

Written By Thandar

“ကာရန်လွဲမေတ္တာ” ဇာတ်လမ်းတွဲ ပရိသတ်တွေ့ဆုံပွဲနဲ့ Season 2 ပြသမှု မိတ်ဆက်ခြင်း အခမ်းအနားကို ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ကာရန်လွဲမေတ္တာဇာတ်လမ်းတွဲမှာ ပါ၀င်ထားကြတဲ့ သရုပ်ဆောင် နက္ခတ် ၊ မေမြင့်မိုရ် ၊ ဂရိတ်ချမ်းနဲ့အတူ အနုပညာရှင်တွေက အမှတ်တရ လက်မှတ်ရေးထိုးပြီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

ဒါ့အပြင် Limited Edition အဖြစ် အရုပ် ၊ ဖန်ခွက် ၊ စာအုပ် စတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းချခဲ့ပြီးအနုပညာရှင်နဲ့အတူ အမှတ်တရလက်မှတ်ထိုးမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

စာရေးဆရာမကြီး နေနွယ်ဇင်မြင့်ရဲ့ အောင်မြင်ကျော်ကြားတဲ့ အဆိပ်သင့်မေမေ ၀တ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ “ကာရန်လွဲမေတ္တာ” ဇာတ်လမ်းတွဲက ပြသစဉ်အချိန်မှာလည်း ပရိသတ်စိတ်၀င်စားမှုအများအပြား ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း အေးကြည်သာဟန်၊ နီလာရှိန်၊ မယ်မင်းဘုံတို့က ရေးသားကာ ဒါရိုက်တာ ကိုကို၀င်းရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ထပ်မံပြသတော့မယ့် “ကာရန်လွဲမေတ္တာ” ဇာတ်လမ်းတွဲ အပိုင်း ၂ မှာ သရုပ်ဆောင်တွေအနေနဲ့ ရဲအောင် ၊ မင်းဦး ၊ ချိုပြုံး ၊ မေသန်းနု ၊ မိုးသူရ ၊ မင်းသူ အပြင် MRTV-4 က Telent သရုပ်ဆောင်တွေက ပါ၀င်သရုပ်‌ဆောင်ထားကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *