၂၉. ၅. ၂၀၂၃
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ မင်းသမီးမိုးဟေကိုက ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘနှစ်ပါးကို ရည်စူးပြီး ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ ငွေပဒေသာပင်အဖြစ် အလှူငွေ ကျပ် ၁၀ သိန်းနဲ့ မုန်တိုင်းသင့် ရခိုင်ဒေသအတွက် အလှူငွေကျပ် ၁၀ သိန်းတို့ကို လှူဒါန်းခဲ့ပါတယ်။

“ချစ်ရတဲ့ ပရိသတ်ကြီးရှင့်။ မိုးရဲ့ မေမေရော၊ ဖေဖေပါ ကွယ်လွန်သွားခဲ့ပေမယ့် လစဉ်လတိုင်း ရည်စူးပြီး အမြဲမပြတ် ကိုယ်နိုင်သလောက် အလှူဒါနတွေ နေရာစုံမှာ ပြုလုပ်ပေးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ ငွေပဒေသာပင်အဖြစ်နဲ့ အလှူငွေ ကျပ် ၁၀ သိန်းနဲ့ မုန်တိုင်းသင့် ရခိုင်ဒေသအတွက် အလှူငွေ ကျပ် ၁၀ သိန်းတို့ကို သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ မိုးရဲ့အလှူကို ၇ ရက်သားသမီးအပေါင်းတို့လည်း သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းရင်း ပရိသတ်တွေအတွက် အလှူဒါနလေးကို မျှဝေပေးလိုက်ပါတယ်ရှင့်”လို့ သရုပ်ဆောင် မိုးဟေကို ပြောပါတယ်။

သူမဟာ ၂၀၁၆ ခုနှစ်က “ကျွန်မချစ်သော” စာအုပ်ကိုလည်း ထုတ်လုပ်ဖြန့်ချိထားပြီး အခုနောက်ပိုင်း အနုပညာနဲ့ပတ်သက်ရင် လှုပ်ရှားမှု ခပ်စိပ်စိပ်လေး လုပ်ဆောင်လာသူလည်း ဖြစ်ပါတယ်။ မကြာခင် မိုးဟေကို ပါဝင်သရုပ်ဆောင်ထားတဲ့ “အမုန်း” ဇာတ်လမ်းတွဲကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News