MT News

၂၉. ၅. ၂၀၂၃

ရှစ်တန်းအောင်မြင်ထားသူများ တက်ရောက်နိုင်မည့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း ပထမနှစ်တက်ရောက်ရန် လျှောက်ထားနိုင်ကြောင်း သင်တန်းသားများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနက ယနေ့တွင် စတင်ခေါ်ယူနေသည်။

သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)များတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင် ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် သင်တန်းသား အသစ်များ ခေါ်ယူခြင်းဖြစ်ပြီးအဆိုပါသင်တန်းသို့ အသက်(၁၆)နှစ်နှင့် (၂၅)နှစ်ကြား အိမ်ထောင်မရှိသူလူငယ်များ၊ အခြေခံပညာစနစ်သစ် Grade 10 အောင်မြင်ပြီးသူ (သို့မဟုတ်) အခြေခံပညာစနစ်ဟောင်း အဋ္ဌမတန်းအောင်မြင်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းမှချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူများ တက်ရောက်နိုင်မည်ဖြစ်သည်။

သင်တန်းကာလမှာ (၂)နှစ်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက Certificate in Business Accounting (လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ)အောင်လက်မှတ် ပေးအပ်ချီးမြှင့်မည်ဖြစ်သလို သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းတွင် (၂)နှစ်သင်တန်း ပြီးဆုံးအောင်မြင်သူများအနက် သတ်မှတ်အရည်အချင်းပြည့်မီသူများကို သမဝါယမ ကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော သင်တန်းသားတိုင်းတစ်ဦးစီတိုင်းအတွက် ပုံနှိပ်စာအုပ်များ အခမဲ့ ထောက်ပံ့ပေးမည့်အပြင် စားသောက်ရေးပါ အဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်ကာ နယ်ဝေးမှတက်ရောက်သည့် သင်တန်းသား/သူများကို အဆောင်စီစဥ်ပေးမည်ဖြစ်သည်။

ထို ပထမနှစ်သင်တန်းသို့ တက်ရောက်ရန် လျှောက်ထားလိုသူများသည် (၁) သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။ (၂) သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မကွေး) မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ(ဃ)ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။ (၃) သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်) မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း ဒေသကြီး။ (၅) သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်) အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။ (၆) သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး) အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ – ၂၆ လမ်း ကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး တို့တွင် လျှောက်လွှာများဝယ်ယူ လျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ ဇွန်လ ၁၅ ရက်နေ့ဖြစ်သည်။

အသေးစိတ်သိရှိလိုပါကမူ ဖုန်းနံပါတ်၊ ရုံးချုပ် ၀၆၇-၃၄၁၀၃၄၃၊ တောင်ကြီး-၀၈၁-၂၁၂၁၃၂၀၊ မကွေး-၀၆၃-၂၀၂၃၁၅၅၊ ပုသိမ်-၀၄၂-၂၉၀၀၃ ၊ မော်လမြိုင်- ၀၅၇-၂၇၀၇၈၊ မန္တလေး-၀၂-၄၀၃၉၁၄၈ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *