၂၃. ၅. ၂၀၂၃
Written and Photo by Peya

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင်ကျောင်းအပ်လက်ခံနေကာ MT News က သွားရောက်ခဲ့သည့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၌ ပထမနေ့ စလက်ခံသည့်နေ့တွင်ပင် လာရောက်ကျောင်းအပ်နှံသူ များပြားကြောင်းတွေ့မြင်ရသည်။

ဒဂုံတက္ကသိုလ်တွင် MT News က တွေ့ရှိခဲ့ရသော မြင်ကွင်းအရ ပထမနှစ်ကျောင်းအပ်သူများပြားကြောင်းလည်း သိခဲ့ရသည်။

“ဒီနှစ်ကတော့ကျောင်းအပ်သူတွေများကြမှာ။ အဝေးသင်လည်း များတယ်လို့သိရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းတာဝန်ထမ်းဆောင်နေသူတက္ကသိုလ် ကထိကတစ်ဦးက MT News သို့ ပြောသည်။

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး အောင်မြင်သူ တစ်သိန်းသုံးသောင်းကျော်ရှိကာ ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကိုမူ လူငယ် ၁၇၀၀၀၀ ခန့် ဖြေဆိုခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *