MT News
၁၇. ၅. ၂၀၂၃
ထိုင်းနိုင်ငံရောက် မြန်မာများက ဆိုင်ကလုန်းမိုခါဘေးဒဏ်ခံမြန်မာပြည်သူများအတွက် ထိုင်းဘတ်ငွေတစ်သန်းနှင့် သွပ်အပါအဝင် ထောက်ပံ့ရေးပစ္စည်း ဘတ် ၃၆ သိန်းကျော်ဖိုးအား သံရုံးမှတစ်ဆင့်လှုဒါန်းခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
မြန်မာနိုင်ငံအတွင်း မေ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လေဘေးသင့်ပြည်သူများနှင့် လေဘေးသင့်ဒေသများတွင် အသုံးပြုရန် မေ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား အလှူရှင်များ၏ လှူဒါန်းခဲ့မှုများမှာ Professional Services International (MM) မှ အလှူငွေ ဘတ်ငွေ ၁ သန်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်း၍ ၆ ဒသမ ၅ ပေအရှည် သွပ် ၁၂၃၀၀ ချပ် (သင့်ငွေ – ၂,၄၆၀,၀၀၀ ဘတ်၊ ရန်ကုန်အရောက်) ကို လှုဒါန်းခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ပင် သစ်ပင်ဖြတ်စက် ၃၀ နှင့် အပိုပစ္စည်းများ (သင့်ငွေ – ၁၆၀,၈၀၀ ဘတ်)၊ အသင့်စားခေါက်ဆွဲခြောက် ၁၅၈,၆၄၀ ထုပ် (သင့်ငွေ – ၁,၀၇၇,၂၆၃ ဘတ်) တို့ကိုလည်း လှုဒါန်းခဲ့ပြီး စုစုပေါင်း ငွေသားအလှူငွေ ဘတ် ၁ သန်းနှင့် ပစ္စည်းတန်ဖိုး ဘတ် ၃,၆၉၈,၀၆၃ ကို လှူဒါန်းခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရှိရသည်။



