April 29, 2024

SAC ဥက္ကဋ္ဌနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့မှုကို တွေ့ရစဥ်

MT News

Written by Nay Moe

ငြိမ်းချမ်းရေး အမြန်ဆုံးရနိုင်ရန် မြန်မာ့တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ အားလုံးတွေ့ဆုံဆွေးနွေးကြရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌနှင့် ဒုတိယအကြိမ်တွေ့ဆုံစဥ် အကြံပြုခဲ့ကြောင်း မွန်ပြည်သစ်ပါတီက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အချက်လေးချက်ပါဝင်သော မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် မွန်ပြည်သစ်ပါတီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အပစ်အခတ်ရပ်စဲကာ အစိုးရအဆက်ဆက်နှင့် တွေ့ဆုံဆွေးနွေးလာခဲ့သည်။ ယခုအခါတွင်လည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုညှိနှိင်းရေးကော်မတီ၏ ဒုတိယအကြိမ် ဖိတ်ခေါ်ချက်အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌနိုင်အောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် နေပြည်တော်သို သွားရောက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မိမိတိုမွန်ပြည်သစ်ပါတီမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်စေသည့် အကြောင်းတရားသည် နိုင်ငံရေးပြသနာကြောင့်သာဖြစ်၍ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းရမည်ဟု ယုံကြည်ပြီး မွန်ပြည်သစ်ပါတီသည် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းလာခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်သလို အခြားလက်နက်ကိုင်အဖွဲအစည်းဆန့်ကျင်ဘက်အဖွဲအစည်းကိုလည်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်စေလိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အကြပ်အတည်း၊ ပဋိပက္ခများ ဖြေရှင်းနိုင်ရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်များ ဆုံးရှံးမျှ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပါဝင်သင့်ပါဝင်ထိုက်သည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ်များ၊ အဖွဲအစည်းများနှင့် တွေ့ဆုံသွားရန် လိုအပ်ကြောင်း၊ တိုင်းပြည်မှာ လိုအပ်နေသည့်ငြိမ်းချမ်းရေး အမြန်ဆုံးရနိုင်ရန် မြန်မာ့ တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ အားလုံးတွေ့ဆုံဆွေးနွေးကြရန် လိုအပ်ကြောင်း အကြံပြု တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုပြင် ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ နိုင်ငံတော်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲနှင့် ၃ ရက်တာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲမှ ဖွဲစည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ဇယား (၁) ပြည်ထောင်စုဥပဒေပြုစာရင်းဇယား(၂) တိုင်းဒေသကြီး (သို) ပြည်နယ်ဥပဒေပြုစာရင်း။ (၉)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှူများ (ဇယား-၂)။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁၂၃)တိုပါ သဘောတူညီမှုများအား ဖွဲစည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိ မရှိတိုကို ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

အထက်ပါ ဖွဲစည်းပုံအခြေခံဥပဒေမှ အချက်များအား မွန်ပြည်သစ်ပါတီမှ မရှင်းလင်းသည်တိုကို ပြန်လည် မေးမြန်းဆွေးနွေးပြီး မိမိတိုပါတီအတွင်း အသေးစိတ်ဆွေးနွေးပြင်ဆင်ရန် လိုအပ်နေပါသဖြင့် နောင်ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပါကြောင်း ထုတ်ပြန်အပ်သည်ဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *