MT News

Written by Peya

အာရှချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့သည့် Urawa Red Diamonds အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုချီးမြှင့်ပေးခဲ့ပြီး အများပြည်သူ ရှေ့မှောက် ပြန်လည်ထွက်ပေါ်လာလာခဲ့ကြောင်း သိရသည်။

၂၀၂၂ အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲ ဒုတိယအကျော့ကို ဂျပန်နိုင်ငံမှ Urawa Red Diamonds အသင်းနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံမှ AL HILAL SAUDI FC အသင်းတို့က ဂျပန်နိုင်ငံတွင် မေလ ၆ ရက်က ဒုတိယအကျော့ ယှဉ်ပြိုင်ခဲ့ရာ Urawa Red Diamonds အသင်းက အနိုင်ရရှိခဲ့ပြီး တတိယ အကြိမ်မြောက် ချန်ပီယံ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ချန်ပီယံ အသင်းကို ဆုဖလားပေးအပ်ခဲ့သည့်အပြင် အကောင်းဆုံး ကစားသမားဆုရရှိသည့် Hiroki Sakai ကိုလည်း ဦးဇော်ဇော်က ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *