၉. ၅. ၂၀၂၃
Written By Thandar

“ကာရန်လွဲ မေတ္တာ” ဇာတ်လမ်းတွဲမှာ ပရိသတ်မထင်မှတ်ထားလောက်တဲ့ နေညိုရီဆိုတဲ့ ကာရိုက်တာနဲ့ မြင်ရမှာပါလို့ သရုပ်ဆောင်မေမြင့်မိုရ်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ယနေ့ မေလ ၉ ရက် ည ၇ နာရီကစတင်ပြီး အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ ည ၇ နာရီမှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

“မိန်းမချင်း လည်ပြန်ငေးကြည့်ရလောက်အောင် လှပချောမောသူတစ်ယောက်ပေါ့။ စိတ်ကောင်းရှိပြီး ကြင်နာတတ်သူ နေညိုရီ ကာရိုက်တာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သမီးဖြစ်သူကိုလည်း ကိုယ့်လိုဘဝမျိုးမရောက်အောင် ဘဝနဲ့ ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးတဲ့ အမျိုးသမီး တစ်ယောက်နေရာလည်းဖြစ်တယ်။ ကြိုပြီးတော့ မေလေးရဲ့ ကာရိုက်တာမပြောပြချင်သေးပါဘူး။ ပရိသတ်မထင်မှတ်ထားလောက်တဲ့ နေညိုရီဆိုတဲ့ ကာရိုက်တာနဲ့မြင်ရမယ်။ ထုတ်လွှင့်ပြသတဲ့အခါ အားပေးကြည့်ရှုကြပါဦးလို့ပဲ ပြောချင်ပါတယ် ”လို့ သရုပ်ဆောင် မေမြင့်မိုရ်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲက စာရေးဆရာမကြီး နေနွယ်ဇင်မြင့်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိပ်သင့်မေမေ ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာ လူအများကြား ခေါင်းငုံ့ပြီးညှိုးငယ်စွာ ရှင်သန်နေရပေမယ့်လည်း ရင်နှစ်သည်းချာသမီးလေးကို မိမိလိုအဖြစ်မျိုး မရောက်အောင် ဘဝနဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်နေရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။

“ကာရန်လွဲ မေတ္တာ”ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကို အေးကြည်သာဟန်၊ နီလာရှိန်နဲ့ မယ်မင်းဘုံ တို့က ရေးသားပြီး ဒါရိုက်တာ ကိုကိုဝင်းက သရုပ်ဆောင်တွေဖြစ်တဲ့ နက္ခတ်၊ မေမြင့်မိုရ်၊ ကောင်းဆက်နိုင်၊ စျူးစျူးစျာန်၊ ဂရိတ်ချမ်း၊ အိမ့်ကြည်ဖြူ၊ ခွန်ဆိုင်း၊ ကျော်မိုးပိုင်၊ ဆုထက်ထက်ကျော်၊ မိုးမခမေ၊ ရဲအောင်၊ ချိုပြုံး၊ ခင်မို့မို့အေး၊ သန်းသန်းစိုး၊ မင်းသူ၊ ကောင်းမြတ်၊ ခင်သန်းနွဲ့၊ ဇာခြည်လွင်၊ သိမ့်သိမ့်တုန် စတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *