၆. ၅. ၂၀၂၃
MT News

မေလ ၆ ရက်၊ ညနေ ၆နာရီခွဲမှာ ကျင်းပမယ့် သုံးနှစ်စာ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အမျိုးသား ဇာတ်ဆောင်ဆု ဆန်ကာတင်စာရင်းဝင် မင်းသားတွေထဲက ဘယ်သူအကယ်ဒမီဆုရှင်ဖြစ်နိုင်မလဲဆိုတာ MT News ပရိသတ်ကြီးက ခန့်မှန်ပေးနိုင်ဖို့ ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။

သုံးနှစ်တာကာလအတွင်း ရုံတင်ပြသခဲ့တဲ့ရုပ်ရှင်ကားကြီးတွေထဲက မင်းသားတွေဖြစ်တဲ့ “နိုဘီလူး” ဇာတ်ကားရဲ့ လူမင်း ၊ “ညစ်တွန်း” ဇာတ်ကားမှာ လူမင်း နဲ့ ပြေတီဦး ၊ “ကိုပေါ”ဇာတ်ကားရဲ့ စည်သူပလပ်ကျွတ်၊ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ပိတောက်ကတဲ့ဂီတ” နဲ့ ” ကြာတော့သည်လည်းမောင့်စကား” ဇာတ်ကားမှာ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်း ၊ နောက်ပြီး “မဟူရာရုပ်ရှင်” ၊ ” နိူင်ငံကြီးသား” ၊”အထက်တန်းစား” ၊ “ချည် ” နဲ့ “မြတ်နု” ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ဆောင် နေတိုး ၊ ” ကမ္မဖလ” ၊ “လိပ်ပြာထောက်ချောက် ” နဲ့ “ညစ်တွန်း” ရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ပြေတီဦး ၊ မြင့်မြတ်ရဲ့ဇာတ်ကားတွေဖြစ်တဲ့ “ကျောမှာဂဠုန် ရင်မှာနဂါး” ၊ “သစ္စာနန်းတော်”နဲ့ “ရိုးမပေါ်ကျတဲ့မျက်ရည်” စတဲ့ ကားတွေနဲ့ ဘယ်သူတွေ အကယ်ဒမီရနိုင်မလဲဆိုတာ ခန့်မှန်းကြည့်ပြီး၊ ပရိသတ်ရဲ့ ခန့်မှန်းမှုနဲ့ ထပ်တူကျရဲ့လားဆိုတာကို ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

စည်သူပလတ်ကျွတ်နဲ့ စိုင်းစိုင်းခမ်းလှိုင်တို့သာ အကယ်ဒမီရခဲ့ရင်တော့ သူတို့ရဲ့ပထမဦးဆုံး အကယ်ဒမီဖြစ်လာမှာပါ။

“ကိုပေါ ” ဇာတ်ကားနဲ့ ဆန်ကာတင် စာရင်းဝင်ထားတဲ့ စည်သူပလတ်ကျွတ်ကတော့ အကယ်ဒမီမှန်းထားပြီး သူဆုရခဲ့ရင်လည်း ဆုကြေးတစ်ဝက်ကို သူရဲ့(လက်ဦးဆရာ) ယာဥ်မတော်တဆမှုကြောင့် ခြေထောက်တစ်ဖက် ဖြတ်ထားရသူကို ထိုင်းနိုင်ငံမှာ ကုသပေးပြီး ကျေးဇူးဆပ် ကန်တော့သွားမယ်လို့ အင်တာဗျုးဖြေထားပါသေးတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅-က နဲ့ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ထားတဲ့ “လိပ်ပြာစံအိမ်” ၊ “ဒဏ္ဍာရီမိုး” ၊ “၁၀၁၄” နဲ့ “မိန်းမတစ်ယောက်ရဲဖွင့်ဟဝန်ခံချက်” ရုပ်ရှင် ဇာတ်ကားတွေကလည်း ဒီနှစ် အကယ်ဒမီ ဆန်ကာတင်စာရင်းဝင်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *