◾️ ယူဂန်ဒါ၌ လိင်တူဆက်ဆံမှုဆန့်ကျင်သည့် ဥပဒေအသစ် အတည်ပြုမှုအား အမေရိကန် ခြိမ်းခြောက်
၃. ၅. ၂၀၂၃
Translated by Htwe Ko Tun
ယူဂန်ဒါနိုင်ငံ၏ ဥပဒေပြု လွှတ်တော်အမတ်များက လိင်တူဆက်ဆံမှုကို ဆန့်ကျင်သည့် ပြင်းထန်သော ဥပဒေမူကြမ်းအသစ်တစ်ရပ်ကို မေလ ၂ ရက်ကအတည်ပြုခဲ့ကြကြောင်း သိရသည်။
ယူဂန်ဒါနိုင်ငံသမ္မတ ယိုဝီရီ မူဆီဗီနီက အဆိုပါဥပဒေကြမ်းအား ဧပြီလတွင် လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့ကာ LGBTQ များနှင့် လက်တွေ့အားဖြင့် လိင်တူဆက်ဆံမှုဟုခေါ်သည့် လုပ်ဆောင်မှုများအကြား အဓိပ္ပါယ်ဖွင့်ဆိုရာ၌ ကွဲပြား ခြားနားစွာ သိစေနိုင်ရန် အပြောင်းအလဲများကို ဖော်ပြပေးရန်တောင်းဆိုခဲ့သည်။
လိင်တူဆက်ဆံမှုက အရှေ့အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော ယူဂန်ဒါနိုင်ငံတွင် ကိုလိုနီခေတ်ဥပဒေများအရ ဥပဒေကြောင်းနှင့်လည်းမညီဘဲ၊ သဘာဝကိုဆန့်ကျင်သည့် ရာဇဝတ်မှုချိုးဖောက်သော လိင်ကိစ္စကျူးလွန်ရာ ရောက်သည်။ ဥပဒေအသစ်တွင် HIV ပိုးကူးစက်ခံထားရသူများအတွင်း လိင်တူဆက်ဆံမှုများ၊ ဥပဒေအရအရွယ်မရောက်သေးသူနှင့် အခြားသော ခုခံနိုင်စွမ်းအားမရှိသူများကို လိင်တူဆက်ဆံခြင်းများကဲ့သို့ ပိုမိုဆိုးရွားသော လိင်ဆက်ဆံမှုများတွင် သေဒဏ်အထိအပြစ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။
ဆိုးရွားသော လိင်တူဆက်ဆံမှုများအတွက် အားထုတ်ခဲ့ပါက ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်ပြီး လိင်တူဆက်ဆံမှုများအတွက် အားထုတ်ခဲ့ပါက ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်ကြောင်းလည်း ဥပဒေက ပြဌာန်းထားသည်။
သမ္မတ ယိုဝီရီ မူဆီဗီနီ အနေဖြင့် ထိုဥပဒေကြမ်းနှင့်ပတ်သက်၍ ဗီတိုသုံးပယ်ချရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှုကိုလည်း ရင်ဆိုင်နေရသည်။ အမေရိကန်အစိုးရက ထိုဥပဒေကြမ်းကို အတည်ပြုခဲ့လျှင် စီးပွားရေးဆိုင်ရာ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ထားသေးသည်။ အမေရိကန် ကျွမ်းကျင်သူအုပ်စုတစ်ခုကလည်း ယူဂန်ဒါ လွှတ်တော်အမတ်များက မကြာမီက အတည်ပြုခဲ့သော ထိုဥပဒေကြမ်းကို ကမ်းကုန်အောင် လူ့အခွင့်အရေးချိုးဖောက်မှုဟု သုံးသပ်ခဲ့ကြသေးသည်။
Ref—-AP
