MV Montevideo Maru သင်္ဘောအား ၁၉၄၁ ခုနှစ်အတွင်းက တွေ့ရစဉ်
၂၂. ၄. ၂၀၂၃
Translated by Htwe Ko Tun
ပင်လယ်ကြမ်းပြင်အနက်သို့ စူးစမ်းလေ့လာသူများက ၎င်းတို့အနေဖြင့် ဒုတိယကမ၁္ဘစစ်အတွင်း နစ်မြုပ်ခဲ့ရသော ဂျပန်သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီး၏ တည်နေရာကို တွေ့ရှိခဲ့ကြောင်း ဧပြီလ ၂၂ ရက် က ပြောကြားခဲ့ကြသည်။ အဆိုပါသင်္ဘောအမည်က Montevideo Maru ဖြစ်ကာ ဖိလစ်ပိုင်ကမ်းခြေအလွန်တွင် အမေရိကန်ရေငုပ်သင်္ဘောတစ်စီးက တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး သင်္ဘောပေါ်တွင်လိုက်ပါလာသော ဩစတြေးလျနိုင်ငံသား ၉၇၉ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အမေရိကန်ရေငုပ်သင်္ဘော၏ သင်္ဘောသားများက သင်္ဘောပေါ်တွင် စစ်သုံ့ပန်းများသယ်ဆောင်လာကြောင်း မသိခဲ့ကြဘဲ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် တော်ပီဒိုဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောပျက်အား ရေအောက် ၄ ကီလိုမီတာကျော်(၂ ဒသမ ၅ မိုင်) အနက်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဟု ရေကြောင်းသွားလာရေး ရှေးဟောင်းသုတေသနဆိုင်ရာ ဖောင်ဒေးရှင်း ဖြစ်သည့် Silentworld Foundation က ပြောခဲ့သည်။
Montevideo Maru သင်္ဘောနစ်မြုပ်မှုက ဩစတြေးလျအတွက် အဆိုးဝါးဆုံးသော ရေကြောင်းသွားလာမှုဘေးဒုက္ခတစ်ခုဖြစ်ခဲ့ရကာ အနည်းဆုံးတပ်ဖွဲ့ဝင် ၈၅၀ အပါအဝင် ဩစတြေးလျနိုင်ငံသားသုံ့ပန်း ၉၇၉ ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းခဲ့သည်။ အခြားသော ၁၃ နိုင်ငံမှ အရပ်သားများလည်း သင်္ဘောပေါ် တွင်ပါရှိရာ သင်္ဘောနစ်မြုပ်မှုတွင် စုစုပေါင်းသေဆုံးသူ ၁,၀၆၀ ဦးခန့်ရှိမည်ဟု Silentworld Foundation က ခန့်မှန်းထားခဲ့သည်။
သင်္ဘောပေါ်ပါ စစ်သုံ့ပန်းများက ထိုမတိုင်မီလအနည်းငယ်က ဂျပန် တိုပါပူးဝါးနယူးဂီနီ ရှိ ကမ်းရိုးတန်းမြို့ဖြစ်သော Rabaul ကို သိမ်းပိုက်ခဲ့ကြအပြီး ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။ စစ်သုံ့ပန်း ၁,၀၆၀ ခန့်အ နက်ဩစတြေးလျတပ်ဖွဲ့ဝင် ၈၅၀ ဦးလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောပျက်ကို ငါးနှစ်ကြာရှာဖွေခဲ့ပြီးနောက် စူးစမ်းလေ့လာရှာဖွေသူများက ဖိလစ်ပိုင်နိုင်ငံ၏ အဓိကကျွန်းကြီးဖြစ်သော လူဇုံကျွန်း၏အနောက်မြောက်ဘက် တောင်တရုတ်ပင်လယ်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Ref—-Philstar
