၃. ၄. ၂၀၂၃
Written By Thandar

အဆိုတော်ပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်အားပေးမူရရှိထားတဲ့ လွှမ်းပိုင်က သူ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ထက်ထက်နဲ့ လမ်းခွဲခဲ့တာက သူများတွေထင်သလို ရုပ်ဆိုး အကျည်းတန်တဲ့ Break up လမ်းခွဲခြင်း မဟုတ်ဘူးလို့ ဖွင့်ဟလာပါတယ်။

“အချစ်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆိုရှယ်မီဒီယာမှာ နှစ်ယောက်လုံးတင်ထားတဲ့အတိုင်းပဲ။ ဒီထက် ထွေထွေထူးထူးလည်း မရှိပါဘူး။ သူနဲ့ကျွန်တော် Break up ဖြစ်သွားတာလည်း သူများတွေပြောသလို ရုပ်ဆိုး အကျည်းတန်တဲ့ Break up တစ်ခုမဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က စိတ်ဆိုးစိတ်ကောက်ပြီး ငါစိတ်ဆိုးတယ် နင့်ကိုမချော့ဘူး။ နင်လည်း စိတ်ဆိုးတယ်။ ငါလည်းနင့်ကိုမချော့ဘူးလို့ အနေအထားနဲ့မဟုတ်ဘူး။ တွဲလာတာလည်း အကြာကြီးဆိုတော့ ကျွန်တော်တို့ဘာသာညှိခဲ့တယ်။ ညှိခဲ့ပေမယ့် အဆင်မပြေလို့ Healthy ဖြစ်ဖြစ် လမ်းခွဲခဲ့တာပါ။ ခုချိန်မှာ ကျွန်တော်လည်း သူ့အပေါ်မှာ Respect ရှိသလို သူလည်း ကျွန်တော့်အပေါ်မှာ Respect ရှိပါတယ်။ ဒါပေမယ့် ကြားထဲကဟာတွေကတော့ ကြားထိုးတွေကတော့ အာရုံနှောက်တာပေါ့”လို့ လွှမ်းပိုင်က ပြောပါတယ်။

သူ့ကို လွှမ်းနုသွေးလို့ ခေါ်နေတာနဲ့ ပတ်သက်ပြီး ခေါင်းထဲမထားပါဘူးလို့ ဆိုပါတယ်။ ထက်ထက်(Bobby Soxer) နဲ့ လွှမ်းပိုင်တို့က စပြီးပြတ်ခါစမှာ သူငယ်ချင်းလို ဆက်ဆံရေးရှိပေမဲ့ အခုချိန်မှာ ဘာမှမရှိတော့ဘူးလို့ ဆိုပါတယ်။

“ဘဝကတော့ ဖြစ်ချင်တိုင်းမဖြစ်သလို ကျွန်တော်လည်းဖြစ်ချင်တိုင်းမဖြစ်ဘူး။ ဒီလိုပါပဲ ။ ပရိသတ်တွေလည်း ဖြစ်ချင်တာမဖြစ်သလိုပါပဲ။ ဒီလိုပါပဲ။ ဝေဖန်မှုကတော့ ဒီလိုပါပဲ။ ဆိုရှယ်မီဒီယာပေါ် ဒီတိုင်းပဲ ပြောကြမှာပေါ့။ ကျွန်တော်နဲ့ လက်ပွန်းတတီးပေါင်းတဲ့သူတွေတောင် သိရဲ့သားနဲ့ ပြောကြသူတွေရှိတာပါပဲ။ မသိတဲ့သူတွေလည်း ပြောပါစေတော့ပေါ့။ ရှင်းပြစရာလည်း မရှိတော့ပါဘူး”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *