၃. ၄. ၂၀၂၃
Written by Peya

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်း၊ ပါတီဖျက်သိမ်းခြင်းတို့နဲ့ ပတ်သက်တဲ့ ကြေညာချက်ကို မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေညာချက်မှာနိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများအနေနဲ့ ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ ဆက်လက်လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့ပေမဲ့လည်း ထုတ်ပြန်ချက်ထုတ်ပြီးနောက်မှာ လာရောက်လျှောက်ထားသူ ဒါမှမဟုတ် စုံစမ်းမေးမြန်းသူ မရှိသေးဘူးလို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာ၀န်ရှိတစ်ဦးက MT News သတင်းဌာနကို ဧပြီလ ၃ ရက်မှာ ဖြေကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News