MT News

Written by Hey Mar

မှော်ဘီမြို့ တပ်ကြီးကုန်းစံပြရပ်ကွက်အနီး လေထီး ၁၆ မှတ်တိုင်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိကာ လူသေဆုံးမှု ဧပြီလ ၁ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ မှတ်တိုင်တွင်ရပ်ကာ ခရီးသည် ချနေသော YBS ယာဥ်လိုင်းနံပါတ် ၁၀၆( ဥက္ကံ- ဆူးလေ)သို့ ပြေးဆွဲသည့်ယာဥ်အား အမျိုးသားတစ်ဦး မောင်းနှင်စီးနင်းလာသော ဆိုင်ကယ်တစ်စီးက အနောက်မှ အရှိန်ဖြင့်ဝင်တိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်က အနောက်ကဝင်တိုက်တယ်ဆိုပေမယ့် အဲဒီနား မှတ်တိုင်ရှိနေတာကိုက မှားနေတာ။ ကုန်းအဆင်းမှာ မှတ်တိုင်လုပ်ထားတော့ နောက်ကား မျက်ကွယ်လည်းဖြစ်သလို အရှိန်နဲ့ တက်ကြရတော့ အဲဒီနားမှာ ခဏခဏ ယာဥ် မတော်တဆမှု အသေးစားလေးတွေ ဖြစ်နေကြ” ဟု မှော်ဘီ လေထီး ၁၆ မှတ်တိုင်အနီး ကယ်ရီဆွဲသူတစ်ဦးက သူ့အမြင်ကိုပြောသည်။

သေဆုံးသည့် အမျိုးသားမှာ အမည်၊ နေရပ် စုံစမ်းဆဲဖြစ်ပြီး မှော်ဘီမြို့နယ် မြင့်မြတ်စေတနာပရဟိတအသင်းမှ သူနာတင်ယာဥ်ဖြင့် မှော်ဘီဆေးရုံအရေးပေါ်ဌာနသို့ အားခြင်းပို့ဆောင်ပေးခဲ့သော်လည်း ကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News