◾သေဆုံးသူအနီး၌လည်း “သွေးသောက်အဖွဲ့ အနီရောင်ရှင်းလင်းရေး MDY “စာသားကိုပါ တွေ့ရှိ

MT News

Written by Min Mahar

ဧပြီလ ၂ ရက် နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်တွင် လှည့်ကင်းပတ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အမျိုးသားတစ်ဦးအား ဓားအချက်ပေါင်းများစွာဖြင့်ရုပ်ပျက်ဆင်းပျက်ထိုးသ-တ်ခံထားရပြီး အနီးဝန်းကျင်၌လည်း “သွေးသောက်အဖွဲ့ အနီရောင်ရှင်းလင်းရေး MDY ” စာသားကိုပါ တွေ့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂ ရက်နေ့ ယနေ့နံနက် ၂ နာရီခွဲလောက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ စံပြလမ်းနှင့် ၇၈ လမ်းကြား၊ စစ်ကိုင်းလမ်းခွဲဘေးတွင် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တီရှပ်အဖြူရောင်အင်္ကျီ၊ အစိမ်းကွက်ပုဆိုးတို့အား ဝတ်ဆင်ထားသည့် အသက် ၄၀ ကျော်ခန့်အရွယ်ရှိသော အမည်မသိအမျိုးသားတစ်ဦး အရှေ့မှအနောက်သို့ လဲကျလျက် ပက်လက်အနေအထားဖြင့် ဓားအချက်ပေါင်းများစွာဖြင့် ရုပ်ပျက်ဆင်းပျက်ထိုးသ-တ်ခံထားရပြီး အနီးဝန်းကျင်၌ လည်း”သွေးသောက်အဖွဲ့ အနီရောင်ရှင်းလင်းရေး MDY ” စာသားပါ ပလပ်စတစ်ကတ် ၁ ခု၊ တစ်ပေခန့်ရှိသောပလပ်စတစ်အဖြူရောင်ကြိုး ၁ ချောင်းတို့အားစစ်ဆေးတွေ့ရှိရခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် လည်ပင်းတွင်ပြတ်ရှနေသည့် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ပြင်ကိုလည်း ထိုးသွင်းခံထားရသည့် ဒဏ်ရာ ၇ ချက်တို့ဖြင့်လဲကျသေဆုံးနေသဖြင့် ရုပ်အလောင်းအား ရွာဘုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် ၂ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ဒဏ်ရာများနှင့်အတူသေဆုံးနေသော အမည်မသိ အမျိုးသားအား သေဆုံးရခြင်းနှင့်ပတ်သက်၍ တရားခံအား စုံ စမ်းဖော်ထုတ်အရေးယူပေးနိုင်ရန်အတွက် အမှတ်(၁၁) နယ်မြေရဲစခန်းမှ (ပ)၅၆/၂၀၂၃၊ ပုဒ်မ ၃၀၂ ပုဒ်မဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News