မိုင်းထိ၍ တိမ်းမှောက်သည့်ယာဥ်မြင်ကွင်း

MT News

၂၁. ၃. ၂၀၂၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်း၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့က ထောင်ထားသည့် ဒေသန္တရာကားမိုင်းအား မတ် ၂၀ ရက် နံနက်ပိုင်းတွင် ကျောက်ကြီးမြို့နေ ဒေသခံပြည်သူများလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးက နင်းမိပေါက်ကွဲရာမှ အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်ကြီးမြို့နေ ဦးကြင်ကောက် မောင်းနှင်ပြီး ခရီးသည် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ လိုက်ပါလာသည့် လိုက်ထရပ်အမျိုးအစား ယာဉ်သည် ကျောက်ကြီးမြို့မှ နတ်သံကွင်းဘက်သို့ သွားရောက်စဉ် မတ်လ ၂၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်ကုန်းတံတား ရှောင်ကွင်းလမ်း နေရာသို့အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းအား နင်းမိပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့မှာ မိုင်းစထိမှန်(စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဥ်တွင် ပေါက်ကွဲသည့်ယာဥ်မှာ ဝင်းရတနာခရီးသည်တင်ယာဥ်လိုင်းဟုသိရပြီး ပြင်းထန်သောမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးရသူပြည်သူများမှာ ခန္ဓာကိုယ်တစစီဖြစ်ကာ သေဆုံးခဲ့ရပြီး အသက်ရှင်ကျန်ခဲ့သူနှစ်ဦးကို ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *