သတိုး
၂၉. ၁၁. ၂၀၂၆
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ နိုဝင်ဘာ ၂၉ ရက်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံတော်သမ္မတသည် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ၌ ရောက်ရှိနေခြင်းဖြစ်သည်။




အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံ သမ္မတနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယခုခရီးစဥ်အတွင်း ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး တက်ရောက်ကာ မိန့်ခွန်းပြောကြားခြင်းနှင့် (၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပကာ ထိုင်းနိုင်ငံဝန်ကြီးချုပ်အား အက်ခ်မက်အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
