၂၈.၁၁.၂၀၂၆
Written By Thandar
မဟာနဲ့ အောင်သီရိထုတ်လုပ်ရေးတို့ ပူပေါင်းတင်ဆက်မယ့် မိသားစုဒရာမာဇာတ်လမ်းပုံစံ “ကောင်းကင်ကမ္ပည်း” ဇာတ်လမ်းတွဲ Premiere Show အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။
“ဒီကားမှာ ရိုက်ဖို့ဇာတ်လာပြောတာ အထည်ချုပ်စက်ရုံလေးပေါ့…အလုပ်လုပ်တဲ့သူပေါ့။ ဒီဇာတ်လမ်းတွဲလေးက စဖတ်ကတည်းကပေါ့နော်…တစ်ခါမှ မလုပ်ဖူးတဲ့ Character လည်း ဖြစ်တယ်။ ပြီးတော့ Character လေးလည်း ကွဲတယ်ပေါ့။ ဟို အရင် အရှေ့မှာ ရိုက်ထားတဲ့ Character တွေနဲ့လည်း မတူဘူးပေါ့နော်။ အဲ့ အထည်ချုပ်စက်ရုံမှာ လုပ်ပြီးတော့ မိသားစု အိမ်ထောင်ကွဲ ဖေဖေမေမေကြားမှာ Trauma တွေနဲ့ ကြီးပြင်းလာတဲ့ သမီးတစ်ယောက်ပေါ့နော်။ ပြီးတော့ မောင်လေးနဲ့ အမေကို အရမ်းချစ်တယ်ပေါ့။ ပြီးတော့ မာနကြီးတယ်။ ဆက်ဆက်ထိမခံဘူး။ အလုပ်ကြိုးစားတယ်။ အဲ့လို ပုံစံမျိုးလေးပေါ့။ ရိုက်ရင်းနဲ့ကတော့ စပြီးတော့ Shooting Day 1 ကတည်းက ငိုရတယ်။ အဲ့လိုမျိုး ဆက်တိုက် ငိုရတယ်”လို့ အကယ်ဒမီ ရတနာဗိုလ်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ဇာတ်ကားမှာပါဝင်ထားသူတွေဖြစ်တဲ့ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီ ရတနာဗို၊ အကယ်ဒမီမြင့်မြင့်ခိုင်၊ ပွင့်နဒီမောင်၊ ယွန်းဝင့်လွှာအောင်၊ ရွိုင်း၊ ဘုဏ်းသွင်၊ ထူးနိုင်လင်း၊ စိုင်းခန့်ဦးစတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီဇာတ်ကားကို ဝတ္ထု သျှင်မ (နန်းထိုက်ဗေဒါ)၊ ဇာတ်ညွှန်း ကကြိုးသျှင်၊ ဒါရိုက်တာ ကကြိုးသျှင်က မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကံကြမ္မာကို စိန်ခေါ်ရင်ဆိုင်ရမယ့် အချစ်စစ်ရဲ့ အားပြိုင်မှုဇာတ်လမ်းပုံစံ ဒရာမာနဲ့ပေါင်းစပ်ပြီ ရသပေါ်လွင်အောင် အကောင်းဆုံး ရိုက်ကူးပုံဖော်ထားပါတယ်။
“ကောင်းကင်ကမ္ပည်း” ဇာတ်လမ်းတွဲကို နိုဝင်ဘာ ၂၅ ရက်က စတင်ပြီး Mahar Application, Mahar TV Channel က တနင်္လာနေ့ကနေ သောကြာနေ့အထိ ညနေ ၆ နာရီတိုင်းမှာ ထုတ်လွှင့်ပြသနေပြီလည်းဖြစ်ပါတယ်။
#ထက်အောင်ရှိင်း #တေဇလင်းရောင် #ရတနာဗို #ရဲအောင် #ပွင့်နဒီမောင် #ယွန်းဝင့်လွှာအောင် #HtetAungShine #TayzaLinYaung #YadanarBo #YeAung #PwintNadiMaung #YoonWintHlwarAung #Mahar #MaharSeries #AungThiri #ကောင်းကင်ကမ္ပည်း #MTEntertainment











