၂၆.၁၁.၂၀၂၆
Written By Thandar
Phoe Wa Production က Drama Horror ဇာတ်လမ်းပုံစံ “Ghosy Toy – အရုပ်သရဲ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ Blind Box” ရုပ်ရှင်ဇာတ်ကားကြီးကို နာမည်ပြောင်းပြီးတော့ အရုပ်သရဲဆိုပြီ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ပြင်ဆင်ပြသမှာဖြစ်ပါတယ်။ အရုပ်သရဲဇာတ်ကားက အဓိကတော့ အရုပ်ကြောင့် အဖြစ်အပျက်လေးကို Copy Right ကိစ္စလေးတွေရှိသွားတယ်။ အဲဒီအတွက် ပြန်လည်ပြင်ဆင်ပြီး ရိုက်ဖြစ်တာပါ။ ထုတ်လုပ်ရေးရဲ့ မလျော့သောဇွဲကြောင့် ပြန်ပြသဖို့ ဖြစ်လာတာပါ။ အရုပ်ကို ကျွန်တော်တို့အနေနဲ့ Ai နည်းပညာနဲ့ အကောင်းဆုံးပြင်ဆင်ပုံဖော်ခဲ့ကြပါတယ်။ တရုတ်ပြည်က အရုပ်ကုမ္ပဏီနဲ့ ဆက်စပ်ပြီးတော့ သူတို့က ကူညီပေးခဲ့တယ်။ သူတို့က အရုပ်တွေပြောင်းလဲပြသရင်းမှ ပြောင်းလဲ ပြင်ဆင်ခဲ့ရပါတယ်”လို့ ဒါရိုက်တာ ဒီဒီထက်အောင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဒီဒီထက်အောင်က မေတ္တာတရားနဲ့ သံယောဇဉ်ကြားမှာ စိတ္တဇဆန်ဆန် တုန်လှုပ်ခြောက်လှန့်မှုတွေနဲ့ ဒရာမာ Horror ဇာတ်လမ်းပုံစံ ဖန်တီးရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေဝင်း၊ ပိုးမမှီသာ၊ အကယ်ဒမီမင်းဦး၊ အကယ်ဒမီချောရတနာ၊ ဗညားဘုန်းပြည့်၊ ဆုထက်၊ ချိုမဒီသွင်၊ သားချောစတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“Ghosy Toy – အရုပ်သရဲ” ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် နိုဝင်ဘာ ၂၇ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
“ပထမကတော့ ဒီအရုပ်ကိုပြန်ပြောင်းဖို့က တော်တော်နဲ့လည်း မလွယ်ဘူးပေါ့။ ဒီကပညာရှင်နဲ့ မေးလိုက်တော့ ပြန်ရိုက်မှကို ရမယ်ဖြစ်နေခဲ့တာလေ။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ မိတ်ဆွေတွေက ကုသိုလ်ကံကြောင့် တကယ့်ကို International ကုမ္ပဏီနဲ့ ချိတ်ဆက်မိတာ။ ပြင်ဆင်နိုင်လို့ ပီတိဖြစ်ရပါတယ်။ တစ်ခါမှ Premiere Show ကို နှစ်ကြိမ်ပြန်လုပ်ခဲ့ရတာ မရှိဘဲ ဒီကားပါပဲ။ ထုတ်လုပ်ရေးဘက်ကလည်း တော်တော်လေးကို အကုန်အကျခံပြီ လုပ်ခဲ့တာပါ။ ဒီကားကို ပိုအောင်မြင်စေချင်ပါတယ်”လို့ အကယ်ဒမီမင်းဦးက ပြောပါတယ်။
#နေဝင်း #ပိုးမမှီသာ #မင်းဦး #ချောရတနာ #ဆုထက် # #AcademyNayWin #PoeMamheThar #academyminoo #AcademyChawYadanar #BanyarBhonePyae #SuHtet #chomaditwin #TharChaw #GhosyToy #သရုပ်သရဲရုပ်ရှင်ဇာတ်ကားကြီး #MTEntertainment




