၁၉.၁၁.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာအုပ်စု၊ ဆယ်မိုင်ကျေးရွာတွင် သွယ်တန်းထားသည့် ဟောင်းနွမ်းနေသော ဝါယာကြိုး အပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှု နိုဝင်ဘာလ ၁၈ ရက် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ ၁၈ ပေ ပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တွင် ဖြစ်ပွားခဲ့ပြီး နေအိမ်အပေါ်ထပ်ရှိ ထရံဘေးတွင် သွယ်တန်းထားသော ဟောင်းနွမ်းဆွေးမြေ့သည့် ဝါယာကြိုးများအပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။
နေအိမ်တစ်လုံး မီးလောင်မှုကြောင့် အသက် ၃၁ နှစ်အရွယ် ဦးမုန်ဇော်ရှောင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် ပလနနယ်မြေရဲစခန်း အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

