


၁၈.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းလျက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ၊ လောကမေတ္တာဂန္ဓာရုံဘုန်းကြီးကျောင်းရှိ သဘာဝရေကန်တွင် ကိုရင်ကြီးတစ်ပါး ရေနစ်ကာ ပျံလွန်တော်မူခဲ့မှု ယနေ့နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ရေနစ်ကာပျောက်ဆုံးနေသူမှာ သက်တော် ၁၉ နှစ်အရွယ် ကိုရင်သုနန္ဒဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အလျား ၁၈၀၊ အနံ ပေ ၈၀ နှင့် အနက်ပေ ၂၀ ရှိသော ရေကန်တွင် ရေနစ်ကာ ပျောက်ဆုံးနေခြင်းဖြစ်သည်။
ရေနစ်ကာပျောက်ဆုံးနေသော ကိုရင်ကြီးကို မှော်ဘီမြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရှာဖွေခဲ့ရာ မွန်းလွဲ ၂ နာရီ ၆ မိနစ်တွင် ပျံလွန်လျက်သား ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ရေနစ်ကာ ပျံလွန်တော်မူခဲ့သော် ကိုရင်၏ရုပ်ကလာပ်ကို မှော်ဘီမြို့အခြေစိုက် မေတ္တာမြိုင် လူမှုကူညီရေးအသင်းမှ အသင်းဝင်များက မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
