MT News
၂၀. ၈. ၂၀၂၆
မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လူ ၂၀ ပါ အမြန်ရေယာဥ်တစ်စင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီ ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မီးပြကျွန်း၏အရှေ့ဘက် ရေမိုင် ၀ ဒသမ ၄ မိုင်ခန့်အကွာတွင် Tri Star 3 အမည်ရှိ ခရီးသည်တင်အမြန်ရေယာဉ် တစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံ များ၏ သတင်းပေးပို့ချက်အရသွားရောက် ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ရာ ဩဂုတ် ၁၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့် တွင် ရေဝင်နစ်မြုပ်နေသည့် ခရီးသည်တင် အမြန်ရေယာဉ်တစ်စင်းအား တွေ့ရှိခဲ့သည်။





ထို့ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကာ ရေယာဉ်ပေါ်တွင်လိုက်ပါလာသော ရေယာဉ် အမှုထမ်း ၁ ဦးနှင့် ခရီးသည် ၁၉ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်ပြီး လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့သလို အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
