၁.၈.၂၀၂၆
Written By Thandar
Queen Joyful Transformation Program အကြောင်းမိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပခဲ့ရာ သရုပ်ဆောင် သူထူးစံ၊ ရတနာခင်၊ နန်းဆုရတီစိုးတို့ တက်ရောက်ခဲ့ကြပါတယ်။
“လူတိုင်းကဝိတ်ကျပြီးတော့ ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြတယ်။ ဒါပေမယ့် ဝိတ်ချတော့မယ်စကားကြားလိုက်ရတိုင်းမှာ အစာအငတ်ခံရတော့မှာလား။ Gym ကို သွားပြီး အချိန်တွေအများကြီးပေးပြီး ပင်ပန်းရတော့မှာလား စသဖြင့်ပေါ့။ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်မှာတော့ အနည်းနဲ့အများ စိုးရိမ်လာတတ်ကြပါတယ်။ ဥပမာ- အချိန်ကို ရွှေလိုတန်ဖိုးထားကြတဲ့ လုပ်ငန်းရှင်တွေအတွက်ဆိုရင်တော့ ဝိတ်ချတယ်ဆိုတာက ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်။ အဲတော့ ဝိတ်ချတဲ့အချိန်မှာ စိတ်ညစ်စရာမဖြစ်သင့်ဘူး။ မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ဝိတ်ချတယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းဆောင်တာ Daily Life ကိုမထိခိုက်ဘဲနဲ့ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ သက်သောင့်သက်သာ အဆီပိုတွေကိုဖယ်ရှားချင်တဲ့၊ ကြည့်ကောင်းချင်ကြတဲ့ ခရီးစဉ်တစ်ခုပဲ ဖြစ်သင့်ပါတယ်။ အဲဒါကြောင့် နန်းဆုတို့က Queen Empire နဲ့ စတင်တည်ထောင်ကတည်းက Customer တွေကို Beauty & Healthy Lifestyle ဆိုပြီး ဘဝကိုပိုင်ဆိုင်စေချင်ခဲ့တာပါ။ ဒီလို Lifestyle ပိုင်ဆိုင်ဖို့က ကိုယ့်ကိုယ်ကိုယ်ပြုပြင်ထိန်းသိမ်းရမှာဖြစ်ပါတယ်။ Healthy Food တွေကိုလည်း အလွယ်တကူစားသုံးနိုင်ဖို့ Queen Joyful Transformation Program နဲ့ လုပ်ဆောင်ဖြစ်ခဲ့တာပါ”လို့ သရုပ်ဆောင်နန်းဆုရတီစိုးက ပြောပါတယ်။
အဆိုပါအခမ်းအနားမှာတော့ နေ့ရက် ၄၅ ရက်အတွင်း ပိုမိုကျန်းမာပြီး ပိုမိုကောင်းမွန်တဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲမှုဆီသို့ အတူတကွလျှောက်လှမ်းခဲ့ သူထူးစံ၊ ရတနာခင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
#AcademyThuHtooSan #NanSuYatiSoe
#YadanarKhin #NanSuyatiSoe #နန်းဆုရတီစိုး #YadanarKhin #ရတနာခင် #သူထူးစံ
#queenempire #joyhealthymealbox
#Queen #45Days #TransformationProgram
#QueenJoyfulTransformationProgram







