MT News
၃၁. ၇. ၂၀၂၆
ယနေ့ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီအချိန်တွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ယနေ့ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်ဖြစ်ရာ ယင်းနေ့ နံနက် (၁၀) နာရီမှ စတင်ပြီး MRTV-HD ၊ MRTV- News၊ MRTV-Parliament ၊ MRTV-Farmers’ ၊ MWD –HD၊ MWD – Variety ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ရေဒီယိုတို့တွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
