၂၇.၇.၂၀၂၆
Written by Ninn Eain
ဂုဏ်ပြုခံကဇာတ်ရုံကြီး (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ထားတဲ့ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံဖွင့်ပွဲကို ဇူလိုင် ၂၇ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြတဲ့ အနုပညာရှင်အချို့ရဲ့ မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ယခုကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားမှာ အနုပညာရှင်များ၊ အဆိုပညာရှင်များ၊ အကပညာရှင်များ၊ ရုပ်သေးပညာရှင်များ၊ သဘင်ပညာရှင်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် (၃၂၇)မှာ တည်ရှိတဲ့ ဝဇီရာရုံဟာ ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားတဲ့ Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုလည်း ဖြစ်ပါတယ်။












