၁၇.၇.၂၀၂၆
Written By Thandar
Mahar Application နဲ့ အောင်သီရိထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်တဲ့ မိသားစု ဒရာမာဇာတ်လမ်းပုံစံ “သူစိမ်း” ဇာတ်လမ်းတွဲကို Premiere Show ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel မှာ ကျင်းပခဲ့ပါတယ်။
“သူစိမ်းဇာတ်လမ်းတွဲထဲမှာ သူဌေးသမီး၊ ခပ်ဆိုးဆိုးနဲ့ မောက်မာတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ ရွှေပုံ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ လုံအတွက် Challenge ဖြစ်မယ့် ကာရိုက်တာလို့လည်း ပြောလို့ရပါတယ်။ ရှေ့မှာရိုက်ခဲ့တဲ့ ကာရိုက်တာတွေနဲ့က မတူဘူးပေါ့။ ကိုယ့်ကာရိုက်တာက အဆင့်အတန်းခွဲခြားတတ်တဲ့ ဗန့်ဖြစ်နေတယ်။ ဒီဇာတ်လမ်းတွဲမှာ မိသားစုအရှုပ်အထွေးတွေ၊ ပြိုင်ဆိုင်မှုတွေ၊ မနာလိုမှုတွေနဲ့ ရသမျိုးစုံကို မြင်တွေ့ရမှာပါ။ မကြာခင် Mahar Application က ထုတ်လွှင့်ရင်အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ရွှေပုံက MT Entertainment ကိုပြောပါတယ်။
အဆိုပါ ဇာတ်ကားရဲ့ ဝတ္ထုဇာတ်လမ်းကို အေးမွန်ကို ရေးသားရေးဖွဲ့ထားပြီး အေးမွန်ကိုနဲ့ လူညိုချောတို့က ဇာတ်ညွှန်းရေးညွှန်းထားကာ ဒါရိုက်တာ အိ (အရုဏ်ဦး)က ပဟေဠိဆန်တဲ့ ဆက်ဆံရေးတွေရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို စိတ်လှုပ်ရှားစရာ မိသားစု ဒရာမာပုံစံရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် တေဇလင်းရောင်၊ ဗညားဘုန်းပြည့်၊ ညီနန္ဒ၊ ရဲရင့်စည်သူ၊ ဖူးစုံ၊ ပွင့်နဒီမောင်၊ ထက်ထက်ထွန်း၊ သင်းသဲဗို ၊ ရွှေပုံ၊ နှင်းဝတ်ရည်ကျော်၊ ကောင်းစစ်သွေး၊ သီဟတင်အောင်စိုး၊ လျှမ်းထက်အောင်၊ ဘေဘေး၊ ဖူးဖူးနန်းတော်၊ ပြည့်ပြည့်ဘုန်းမြတ် စတဲ့အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“သူစိမ်း” ဇာတ်လမ်းတွဲကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ပြီး Mahar Application နဲ့ Mahar Channel ရုပ်သံလိုင်းက ညနေ ၆ နာရီမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။
#တေဇလင်းရောင် #ဗညားဘုန်းပြည့် #ညီနန္ဒ #ရဲရင့်စည်သူ #ဖူးစုံ #ပွင့်နဒီမောင် #ထက်ထက်ထွန်း #သင်းသဲဗို #ရွှေပုံ #နှင်းဝတ်ရည်ကျော် #TayZalinYaung #BayarPhonePyaw #PhueSone #HtetHtetHtun #ThinThaeBo #Mahar #MaharSeries #AungThiriProduction #သူစိမ်း












