နေမိုး
၉. ၆. ၂၀၂၆
မှတ်ပုံပြန်လည်တင်ခြင်းမရှိသဖြင့် အလိုအလျောက်ဖျက်သိမ်းခံလိုက်ရသော NLD ပါတီ၏ လှည်းကူးမြို့နယ်နာယက ဦးဝင်းတင်သည် လူကြီးရောဂါဖြင့် ထိုင်း-မြန်မာ နယ်စပ်မဲဆောက်မြို့တွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၈ ရက် ည ၉ နာရီ ဝန်းကျင်အချိန်တွင် မဲဆောက်ရှိ ခိုလှုံရာနေအိမ်၌ပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၈၆ နှစ် ရှိခဲ့ပြီဖြစ်သည်။

ဦးဝင်းတင် (လှည်းကူး)သည် မသေမီ နောက်ဆုံးအချိန်အထိ လက် ၃ ချောင်း ထောင်ပြီး နွေဦးတော်လှန်ရေးကို ထောက်ခံသွားသည်ဟုလည်း အစ္စလာမ်ဘာသာဝင်အရေးလှုပ်ရှားသူ ဦးထွန်းကြည်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
