၅.၆.၂၀၂၆
Translated by Htwe Ko Tun
နိုင်ဂျာနိုင်ငံမြောက်ပိုင်းရှိ ဆာဟာရသဲကန္တာရ၏ ဝေးလံခေါင်သီသောနေရာတွင် ခရီးသည်များ တင် ဆောင်လာသော ထရပ်ကားတစ်စီးပျက်ပြီးနောက် အနည်းဆုံး လူ ၄၉ ဦးမှာ ရေငတ်ပြီး သေဆုံးခဲ့ ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကြသည်။
အဆိုပါအဖွဲ့သည် မာလီနိုင်ငံတွင် မွတ်စလင်ပွဲတော်တစ်ခုသို့ တက်ရောက်ခဲ့ပြီးပြန်လာခဲ့ခြင်းဖြစ်ကာ ၎င်းတို့ရေပြတ်လပ်နေချိန်တွင် နိုင်ဂျာနှင့် အယ်လ်ဂျီးရီးယားကြား အဓိကနယ်စပ်ဖြတ်ကျော်နေရာ ဖြစ်သော အက်စ်ဆာမာကာ Assamaka ၏ အနောက်ဘက် ၈၀ ကီလိုမီတာ (၅၀ မိုင်) ကျော် အကွာတွင် ကားပျက်ကာ သောင်တင်နေခဲ့ကြသည်။
“ခရီးသွားများသည် အပူချိန်မြင့်မားခြင်းနှင့် ထောက်ပံ့ရေးနေရာများ မရှိခြင်းကြောင့် အသက်ရှင်သန်ရန် အလွန်ခက်ခဲသော ပတ်ဝန်းကျင်၏ အလယ်ဗဟိုတွင် ပိတ်မိနေကြောင်း တွေ့ရှိခဲ့ရသည်” ဟု နိုင်ဂျာနိုင်ငံ၊ အဂါဒက်ဇ်မြို့ Agadez အုပ်ချုပ်ရေးမှူး၏ ကြေညာချက်တွင် ဖော်ပြထားသည်။


သဲကန္တာရကိုဖြတ်၍ အက်စ်ဆာမာကာသို့ ရောက်အောင်သွားကာ အာဏာပိုင်များကို အကြောင်းကြား နိုင်ခဲ့သူ နှစ်ဦးသာ ခရီးသည်များအတွင်းမှ အသက်ရှင်ကျန်ရစ်ခဲ့သည်။
ထရပ်ကားသည် မာလီနိုင်ငံ၊ တယ်လ်ဟန်ဒက်မြို့မှ ထွက်ခွာလာခဲ့သော်လည်း ရည်ရွယ်ထားသော လမ်းကြောင်းမှ သွေဖည်သွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယာဉ်မောင်းနှင့် ခရီးသည်များသည် ရက်အတော်ကြာ ကားကို ပြုပြင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြသော်လည်း ၎င်းတို့၏ ကြိုးပမ်းမှုများက မအောင်မြင်ခဲ့ဟုသိရသည်။
“ရေပြတ်လပ်ပြီး ယာဉ်မောင်း၊ သူ၏တပည့်နှင့် ခရီးသည်များ၏ ကြိုးပမ်းမှုများရှိနေသော်လည်း ကားကို ပြုပြင်နိုင်ခြင်းမရှိဘဲ ခရီးသွားများသည် အသက်ရှင်ရန်ခက်ခဲသောပတ်ဝန်းကျင်၏ အလယ်ဗဟိုတွင် ပိတ်မိနေခဲ့ကြသည်” ဟု ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။
“မလှုပ်ရှားနိုင်သော ထရပ်ကားအောက်တွင်နှင့် ၎င်း၏ပတ်ဝန်းကျင်တွင် အသက်မဲ့သော အလောင်းများစွာကို တွေ့ရှိခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။ဒေသန္တရအာဏာပိုင်များက ထိုဒေသသို့ စေလွှတ်ခဲ့သော ကယ်ဆယ်ရေးအဖွဲ့မှ သေဆုံးသူများကို အစုလိုက်အပြုံလိုက် မြှုပ်နှံခဲ့သည်။
အခင်းဖြစ်ပွားရာနေရာမှ ပြန်လာစဉ် ကယ်ဆယ်ရေးအဖွဲ့က ဘက်ထရီချို့ယွင်းမှုကြောင့် သုံးရက်ကြာ စက်ပျက်နေသည့် အခြားထရပ်ကားတစ်စီးနှင် သောင်တင်နေသော့ လူ ၆၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ကြသည်။
နိုင်ဂျာတပ်ဖွဲ့ဝင်များပါဝင်သော ကယ်ဆယ်ရေးအဖွဲ့သည် ပင်ပန်းနွမ်းနယ်ပြီး စိတ်သောကရောက်နေ သော ခရီးသွားများအား ရေများဝေငှပေးခဲ့ပြီး ယာဉ်ကို ပြုပြင်ပေးခဲ့ကာ ၎င်းတို့၏ခရီးကို ဘေးကင်းစွာ ပြန်လည်စတင်နိုင်စေခဲ့သည်။
နိုင်ဂျာသဲကန္တာရသည် အနောက်အာဖရိကတစ်လွှားမှ ဥရောပသို့ရောက်ရှိရန် ကြိုးစားနေသော ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး ၎င်းတို့က အန္တရာယ်များသောခရီးနှင့်ဆက်စပ်သောအန္တရာယ်များကို အကြိမ်ကြိမ်အာခံ ဆန့်ကျင်ကာ ရွှေ့ပြောင်းနေထိုင်မှုအတွက် အဓိကလမ်းကြောင်းအဖြစ် အသုံးပြုနေကြသည်။
Ref: BBC
