ယနေ့ဖွင့်လှစ်ခဲ့သည့် EV Charging Station နှင့် EV Taxi များ မြင်ကွင်း (Photo- Ko Soe Ko Soe)
၄. ၃. ၂၀၂၃
Written by Ye Kyaw
မတ်လ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ သပြေကုန်းဈေး၌ တည်ဆောက်လျက်ရှိသည့် EV Charging Station ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
လက်ရှိတွင် လျှပ်စစ်ကားအရေအတွက် ၄၀ ကို ပထမဦးဆုံးအကြိမ် တင်သွင်းထားပြီး ယင်းအနက် လျှပ်စစ်ကား ၂၀ အား ရန်ကုန်လေဆိပ်နှင့် နေပြည်တော် သပြေကုန်းဈေးတို့၌ အခြေပြု၍ တက္ကစီများပြေးဆွဲသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
အဆိုပါလျှပ်စစ်ကားများ အားသွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဥ်များအတွက် ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည့် အားသွင်းစက်မျာကို ဖေဖော်ဝါရီ ၇ ရက်က MITT ဆိပ်ကမ်း၌ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် အားသွင်းစက် ခုနစ်စုံ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီးနောက် နေပြည်တော် သပြေကုန်းဈေးအနီးတွင် EV Charging Station ကို ဖေဖော်ဝါရီ ဒုတိယအပတ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။




