MT News
၂. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ Reserve Bank of India ၏ ဥက္ကဋ္ဌက H.E. Shri. Sanjay Malthotra က ယနေ့ နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဥ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေး လုပ်ငန်းများတိုးတက်စေရေးနှင့် နယ်ပယ်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့ စေရေးအတွက် နှစ်နိုင်ငံဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေးခဲ့သည်။
ထို့အပြင် ကုန်သွယ်မှုလုပ်ငန်းများအတွက် ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး၊ မြန်မာနိုင်ငံမှ ဘဏ်ဝန်ထမ်းများအား ဘဏ် လုပ်ငန်းစနစ်များနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ မျှဝေဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား Digital ငွေပေးချေမှုစနစ်၏ အတွေ့အကြုံများကို မျှဝေဆောင်ရွက်နိုင်မှုအခြေအနေများ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


