သက်တံ့
၁. ၆. ၂၀၂၆
အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ခြင်း ပွဲတော်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မြန်မာပြည်သူများအတွက် ဖွင့်လှစ်ထားသည့် ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အများပြည်သူဝန်ဆောင်မှုဌာနခွဲ (Public Outreach Center) ဖြစ်သော အမေရိကန်စင်တာပံ့ပိုးမှုဖြင့် သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
American Center Yangon (ACY) မှ ပံ့ပိုးထားပြီး Unstoppables မှ ကြီးမှူးကျင်းပသည့် Freedom250: Combating Digital Fraud in Myanmar ပွဲတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်များအား ဒီဂျစ်တယ်လောကတွင် စိတ်ချယုံကြည်စွာဖြင့် လျှောက်လှမ်းနိုင်ရန်၊ ပျံ့နှံ့နေသော သတင်းမှားများနှင့် ဒီဂျစ်တယ်လိမ်လည်မှု (Scams) များကို တိုက်ဖျက်နိုင်ရန်၊ မိမိတို့၏ အချက်အလက်လုံခြုံရေးကို ကာကွယ်နိုင်ရန်နှင့် တာဝန်သိဒီဂျစ်တယ်နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပသော ၃ ရက်တာ Hybrid ပွဲတော်ကြီး ဖြစ်သည်။
လူငယ်တိုင်း မဖြစ်မနေ သိထားသင့်သည့် Media Literacy ကျွမ်းကျင်မှုများ အဓိကထားပြီး၊ စိတ်လှုပ်ရှားစရာ Interactive Sessions များနှင့် (၃) ရက်တိုင်တိုင် ကျင်းပသွားမည့် “Freedom 250: မြန်မာနိုင်ငံတွင်း အွန်လိုင်း လိမ်လည်မှုများအား တိုက်ဖျက်ခြင်း” ပွဲတော်ကြီးတွင် ပထမနေ့တွင် သတင်းမီဒီယာကဏ္ဍ နားလည်ကျွမ်းကျင်မှု အခြေခံကို လေ့လာရမည်ဖြစ်ပြီး ဒုတိယနေ့တွင်မူ လူမှုအဖွဲအစည်းနှင့် သတင်းမီဒီယာ ဆက်နွယ်မှုကို သင်ယူရမည်ဖြစ်ကာ တတိယနေ့တွင်မူ တာဝန်သိ နိုင်ငံသားများ ဖြစ်လာစေရေး ဆွေးနွေးမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို ဇွန်လ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် လူကိုယ်တိုင် American Center Yangon ၌ တက်ရောက်ခြင်း သို့မဟုတ် အွန်လိုင်း Zoom သင်တန်းဖြင့် တက်ရောက်ခြင်းတို့ဖြင့် ပါဝင်နိုင်မည်ဖြစ်ပြီး တက်ရောက်လိုသည့် လူငယ်များအနေဖြင့် https://docs.google.com/forms/d/e/1FAIpQLSeUa3NCsenItfPljQSVjpoV8Eu7m1IYfCcJpj8kUz2LPOJ55A/viewform တွင် အခမဲ့ စာရင်းသွင်းနိုင်ကြောင်း သိရသည်။
