၄. ၃. ၂၀၂၃
Written By Thandar
ညကျောင်းထုတ်လုပ်ရေးရဲ့ Horror ဇာတ်လမ်း The Teacher ရုပ်ရှင်ဇာတ်ကား Premiere ပွဲကြီးကို မတ်လ ၃ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပြီး ဒီဇာတ်ကားမှာ သရုပ်ဆောင်အဖြစ်ရပ်တည်နေတဲ့သူ တစ်ယောက်မှ မပါဝင်ဘဲ ရိုက်ကူးရတာ စိန်ခေါ် မှု ကြီးကြီးမားမားတစ်ခုဖြစ်ခဲ့တယ်လို့ ဒါရိုက်တာညိုမင်းလွင်က ပြောပါတယ်။
“ကျွန်တော်ရဲ့ ဒီဇာတ်ကားကြီးကတော့ New Challenge ပေါ့။ သရုပ်ဆောင်အဖြစ်ရပ်တည်နေတဲ့သူ တစ်ယောက်မှ မပါဘူး။ တကယ့်အပြင် လောကက လူတွေကိုပဲ ရွေးချယ်ခဲ့တယ်။ သရုပ်ဆောင် ဝါသနာပါသူတွေကို အဆင့်ဆင့်ရွေးချယ်ခဲ့တယ်။ လူတွေသိကြတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ Facebook Cele တွေ TikTok Cele တွေ တစ်ယောက်မှမပါဘူး။ ဒါကလည်း New Challenge ပါ။ သရုပ်ဆောင်အဖြစ် ရပ်တည်နေတဲ့သူ တစ်ယောက်မှမပါဝင်ဘဲ The Teacher ရုပ်ရှင်ကားရိုက်ကူးတာ စိန်ခေါ်မှုကြီးကြီးမားမား တစ်ခုပါ။ ဒါဟာ ဒီဘက်ခေတ်မှာတော့ ပထမဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ဒီဇာတ်ကားကို ကြည့်ရှုပြီးတော့ ပရိသတ်တွေဆီက အသံကိုပဲ နားထောင်ကြည့်ချင်ပါတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင်ကပြောပါတယ်။
The Teacher ကား Premiere ပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လူကြီးတွေ ၊ အနုပညာ အသိုင်းအဝိုင်းက အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒီဇာတ်ကားကို ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေး ၁၅ နှစ်မြောက် နှစ်ပတ်လည်အနေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး လာမယ့် မတ် ၁ဝ ရက်နေ့မှာ The Teacher ကို ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မြယာ၊ မြတ်၊ ဝင်းလဲ့ရွှေရည်၊ လင်းထည်ဝါ၊ သန်းဓနစိုး၊ ဂျွန်နိုင်းအောင်၊ ပိုင်သစ်၊ မိုးယံ၊ နှင်းဝတ်ရည်၊ အိမ့်ဂျူရီမွန်၊ မှုနံ့သာ စတဲ့ သူတွေက ပါ ဝင်သရုပ်ဆောင်ထားကြပါတယ်။ The Teacher အတွက် အဖြူအစိမ်းဝတ်ထားတဲ့ သရဲဆရာမပုံတစ်ပုံစတင်ခဲ့တဲ့နေ့ကနေ အခု Premiere ဖြစ်လာတဲ့အထိ ပရိသတ်စိတ်ဝင်စားမူရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။




