MT News
၄. ၃. ၂၀၂၃
လာမည့် PR ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဥ်ပြိုင်မည့် NDF ပါတီမှာ မကြာသေးမီရက်ပိုင်း ပြန်လည်ဖွဲ့စည်းခဲ့ပြီး ထိုသို့ဖွဲ့စည်းမှူ မကြာသေးမီ ဥက္ကဋ္ဌဖြစ်သူ နုတ်ထွက်သွားခဲ့သည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျင်းပသော နဝမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ၏ အစည်းဝေး ဆုံးဖြတ်ချက်အရ ယခင်ဖွဲ့စည်းထားသော ဗဟိုအလုပ်အမှုဆောင်ကော်မတီအား ဖျက်သိမ်း၍ အဖွဲ့ဝင် ၂၇ ဦး ပါဝင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ်အား ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထိုသို့ ပြန်လည်ဖွဲ့စည်းရာတွင် ဒေါက်တာဝင်းနိုင်အား ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ကန့်ကွက်သူမရှိဘဲ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်။ သို့သော် ဥက္ကဋ္ဌကြီး ဒေါက်တာဝင်းနိုင်မှာ ကျန်းမာရေးအခြေအနေအရ ပါတီ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် မဖြစ်နိုင်တော့၍ ပါတီမှနုတ်ထွက်ခွင့်ပြုရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ တင်ပြခဲ့ရာ ဥက္ကဋ္ဌကြီး၏ တင်ပြချက်နှင့် ကျန်းမာရေး အခြေအနေအရ ဥက္ကဋ္ဌကြီးအား ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အနားယူခွင့်ပြုပေးခဲ့သည်။
ထို့နောက် ယနေ့ မတ်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ( ၆/၂၀၂၃) ဆုံးဖြတ်ချက်အရ ယခင်ဒုဥက္ကဌ-၁ ဦးသာဆိုင်အား ယာယီဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ယခင်ဒုဥက္ကဋ္ဌ-၂ ဦးကြီးမြင့်အား ဥက္ကဋ္ဌ-၁ အဖြစ်လည်းကောင်း ၊ ယခင်နာယကကြီး ဖြစ်သူ ဒေါ်တင်နွယ်ဦးအား ဥက္ကဋ္ဌ-၂ အဖြစ်လည်းကောင်းပြန်လည် ရွေးချယ်တင်မြောက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီအား ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟုလည်း သိရသည်။



