

၂.၅.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊(၈) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် မေလ ၂ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က ထင်းမီးဖြင့် ထမင်းအိုးတည်ရာမှ နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သွပ်မိုး၊ ထရံကာ ပျဥ်ခင်း တစ်ထပ်နေအိမ်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် စတင်လောင်ကျွမ်းသော နေအိမ်နှင့်ဘေးရှိ သွပ်မိုး၊ထရံကာ၊ ပျဥ်ခင်းနေအိမ်တစ်လုံး ထပ်မံလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
၁၃ မိနစ်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ် နှစ်လုံးမီးလောင်မှုကြောင့် အသက် ၆၈ နှစ်အရွယ် ဒေါ်စန်းစန်းတိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ရွှေပြည်သာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
