၂၉.၄.၂၀၂၆
Translated by Htwe Ko Tun
ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် တစ်ကမ္ဘာလုံးလိုလို လောင်စာဆီအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုမှုကို ဖြတ်တောက်ဖို့ ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ညီလာခံတစ်ခုအတွင်း ပြင်သစ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်မှာ ကျောက်မီးသွေး၊ ၂၀၄၅ ခုနှစ်မှာ ရေနံနဲ့ ၂၀၅၀ ပြည့်နှစ်မှာ ဓာတ်ငွေ့တို့ကို အဆင့်လိုက် ရပ်ဆိုင်းဖို့ ပထမဆုံး အစီအစဉ်တစ်ခုကို ကြေညာခဲ့ပါတယ်။
ကမ္ဘာကြီးကို တင်းမာမှုအကျပ်အတည်းအခြေအနေတွေ ဖြစ်ပေါ်နေစေတဲ့ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုမှ မည်သို့ ကူးပြောင်းရမယ်ဆိုတာနဲ့ပတ်သက်လို့ နိုင်ငံအတော်များများပါဝင်တဲ့ ကိုလံဘီယာနိုင်ငံ၊ ဆန်တာမာတာမြို့မှာ ပထမဆုံးကျင်းပတဲ့ နိုင်ငံတကာအစည်းအဝေးမှာ ပြင်သစ်နိုင်ငံကိုယ်စားလှယ်တွေက အဆိုပါ လမ်းပြမြေပုံ အစီအစဉ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
ပြင်သစ်ရဲ့ လမ်းပြမြေပုံမှာ ကတိကဝတ်အသစ်တွေ မပါဝင်ပေမယ့် လက်ရှိရာသီဥတုနဲ့ စွမ်းအင်မူဝါဒတွေကို ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တစ်ခုထဲနဲ့ လက်ခံမှုအောက်အခြေအနေတစ်ခုမှာ ဖြစ်ပေါ် စေတာပါပဲ။
အခြားနိုင်ငံတွေမှာ ဒီလို ရှင်းလင်းပြတ်သားပြီး ပြည့်စုံတဲ့ အစီအစဉ်ကို ထုတ်ပြန်ခဲ့ဖူးတာ မရှိဘူးလို့ လေ့လာဆန်းစစ်သူတွေက ပြောကြားခဲ့ကြပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုရမှုကို ပြန်လည်အကဲဖြတ်နေချိန်မှာ ဒီလမ်းပြမြေပုံက အရေးကြီးတဲ့ အချက်ပြမှုတစ်ခု ပေးပို့တာလည်းဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။
ညီလာခံမှာ ပြင်သစ်ရဲ့ သံတမန် ဘီနွိုက် ဖာရာကိုက လမ်းပြမြေပုံဟာ ဥရောပမှာ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်တဲ့ ပြင်သစ်နိုင်ငံတစ်ဝန်း ရုပ်ကြွင်းလောင်စာအသုံးပြုမှု အဆုံးသတ်ဖို့ နောက်ဆုံးရက်တွေကို သတ်မှတ်ပေးထားတယ်လို့ ပြောခဲ့ပါတယ်။
၂၀၃၀ ပြည့်နှစ်နောက်ဆုံးထားလို့ ကျောက်မီးသွေး၊ ၂၀၄၅ ခုနှစ်နောက်ဆုံးထားလို့ ရေနံနဲ့ ၂၀၅၀ ပြည့်နှစ်နောက်ဆုံးထားလို့ သဘာဝဓာတ်ငွေ့တို့ကို အဆိုပြုတင်ပြထားတဲ့ စွမ်းအင်တွေ ပြောင်းလဲအသုံးပြုဖို့ အဆင့်လိုက် ရပ်ဆိုင်းသွားမယ်လို့ လမ်းပြမြေပုံမှာ ဖော်ပြထားပါတယ်။
ဘီနွိုက်ဖာရာကိုက “ဒါက အတော်လေး ကိုယ်ပိုင်ဟန်ဖန်တီးထားနိုင်တာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ရုပ်ကြွင်းလောင်စာစွမ်းအင်အားလုံးအတွက် ရှင်းလင်းတဲ့ နောက်ဆုံးရက် သတ်မှတ်ထားတဲ့ ရှားရှားပါးပါးနိုင်ငံတွေထဲက တစ်ခုဖြစ်နိုင်လို့ပါ” လို့ ဆန်တာ မာရာ မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပြင်သစ်နိုင်ငံဟာ သူ့ရဲ့ ကျယ်ပြန့်တဲ့ နျူကလီးယားစွမ်းအင်ထုတ်လုပ်နိုင်မှုကြောင့် နိုင်ငံအတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားရဲ့ အစိတ်အပိုင်းအနည်းငယ်ကိုသာ ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းတွေကတစ်ဆင့် ထုတ်လုပ်ရတာပါ။
ဒါပေမယ့် ဖာရာကိုက လမ်းပြမြေပုံ ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုကို အဆင့်လိုက် ရပ်ဆိုင်းရန်၊ အပူပေးစနစ်နှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော ကဏ္ဍတွေကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးဖို့နဲ့ အခြားနိုင်ငံတွေမှာလည်း အသွင်ကူးပြောင်းမှုကို ငွေကြေးထောက်ပံ့ပေးဖို့တို့ကို ကတိပြုထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါက ပြင်သစ်နိုင်ငံရဲ့ အပူချိန်မြင့်တက်လာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချဖို့ ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ကြားနေမှုရရှိရေး ရည်မှန်းပြီး ၂၀၂၄-၂၀၂၈ ကာလအတွင်း တစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှုကို ငါးရာခိုင်နှုန်း လျော့ကျစေဖို့ ဆောင်ရွက်ချက်ကို တရားဝင်ဖြစ်စေခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချမှုက ၂၀၂၅ ခုနှစ်မှာ နှစ်နစ်ဆက်တိုက် နှေးကွေးနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရာသီဥတုရည်မှန်းချက်တွေကို ပြည့်မီဖို့ လိုအပ်ချက်ထက်တော့ များစွာနိမ့်ကျနေဆဲဖြစ်ပါတယ်။
Ref- AFP
