နေမိုး
၇. ၄. ၂၀၂၆
နေအိမ်တွင်ရှိနေသည့် သွေးချင်းတော်စပ်သူ ဇနီးမောင်နှံစုံတွဲနှစ်တွဲကို PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်များလုယက်သွားမှု ရမည်းသင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်၏
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၅ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီ ၄ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် အဆိုပါကျေးရွာနေ ဦးဇော်မင်း(၄၅)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိုး(၅၆)နှစ်၊ အစ်ကိုဖြစ်သူ ဦးဇော်မိုး(၄၇)နှစ်၊ မရီးဖြစ်သူ ဒေါ်မျိုးမျိုး(၄၀)နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦး ရောက်ရှိလာပြီး ယင်းတို့ညီအစ်ကိုနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ရွှေထည်များလုယက်သွားခဲ့ကြောင်း သိရသည်။
PDF နှစ်ဦး၏ ကျူးလွန်မှုကြောင့် ဦးဇော်မင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဇော်မိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် တရားခံ PDF နှစ်ဦးက
၅ မူးသားခန့်ရှိ ရွှေလက်စွပ် တစ်ကွင်း၊ ၁ မတ်သားခန့်စီရှိ ရွှေလက်စွပ် နှစ်ကွင်း၊ ၅ မူးသားခန့်ရှိ ရွှေဆွဲကြိုး တစ်ကုံးနှင့် ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
