၃၀.၁.၂၀၂၆
Written By Thandar
Htet Production က စိတ်ဝင်စားစရာ Suspense ဇာတ်လမ်းပုံစံ “စည်းတစ်ဖက်ခြား” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဝိဇယဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်တို့လို လူတွေကတစ်ယောက်နဲ့တစ်ယောက်ဟာ စည်းဆိုတာမျိုးတွေရှိကြတယ်။ လူ့စည်း ဘီလူးစည်းဆိုတာရှိကြတယ်။ ဒီစည်းတွေ အချင်းချင်းက စည်းတွေဘောင်တွေကိုတော့ မကျော်သင့်တာကျော်ရင် မထင်မှတ်တဲ့အရာတွေ ရှိကြပါတယ်။ ဒါလေးကို မီးမောင်းထိုးချပြမှာပါ”လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ယက္ခဒေဝီ၊ ဒါရိုက်တာ သင်္ဂါက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ခွန်သာချို၊ တင်မောင်ဆန်းမင်းဝင်း၊ ခိုင်နိုး၊ ရဲသွေးသီဟ၊ ဇင်မျိုး၊ ရဲမွန်၊ အောင်ဇော်မင်း၊ ကျော်ဇင်ထွဋ်၊ မေတ္တာမြင့်မြတ်တိန်း၊ Cute သင်္ခ၊ မာယုသာ၊ အေဏီဇော်၊ နန်းခမ်းဝါ၊ အိမ့်ခြူးပွင့်၊ အိမ့်ကြာဖြူ၊ ပန်းနုဝေတို့ ပါဝင်ထားကြပါတယ်။
အပိုင်း ၁၀ ပိုင်းစာ အဆိုပါ ဇာတ်လမ်းတွဲကို မနက်ဖြန် ဇန်နဝါရီ ၃၁ ရက်မှာစတင်ပြီးတော့ ရန်ကုန်မြို့နယ်အတွင်းမှာ ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။
“စည်းတစ်ဖက်ခြား” ဇာတ်လမ်းတွဲကို မကြာခင်မှာ Hey Play App နဲ့ Fortune TV လိုင်းကနေ ထုတ်လွှင့်ပေးသွားမှာလည်းဖြစ်ပါတယ်။
#ခွန်သာချို #ခိုင်နိုး #မာယုသာ #KhunTharCho #KhaiNoe #MarYuThar #SuShine #YeMon #စည်းတစ်ဖက်ခြားဇာတ်လမ်းတွဲ







