





၂၅. ၁. ၂၀၂၆
Photo by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့တွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၇) အနောက်ရပ်ကွက် အ.ထ.က (၂) ကျောင်းဝန်းအတွင်း ပြင်ဆင်ထားသည့် မြင်ကွင်းဖြစ်ပါသည်။
အဆိုပါ မဲရုံများ နံနက် ၆ နာရီတွင်စတင်ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက် ဆန္ဒမဲပေးသူများ လာရောက်မဲပေးခဲ့သည်ကို တွေ့ရှိရသည်။
ရွေးကောက်ပွဲ အပိုင်း (၃) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၃ ခု၌ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပ်ိုင်း)၊ လှိုင်သာယာ ( အရှေ့ပိုင်း) စသည့် ၁၇ မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်သည်။
