◾ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် မူဝါဒ (၅) ရပ်ကိုပါ နိုင်ငံတကာသံတမန်များသို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား





၂၄. ၁. ၂၀၂၆
Written by Nyein Kyaw
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှုနှင့် ပတ်သက်သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်း၌ ပြုလုပ်ခဲသည်။
ဇန်နဝါရီ ၁၄ ရက်တွင် ပထမအကြိမ် လိုက်လံရှင်းလင်းပြသခဲ့သည့် နေရာသုံးခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်က ပြောကြားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတကာသံတမန်မျာ၊ စစ်သံမှူးများ၊ ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ခဲ့ခြင်းဖြစ်သည်။



မြေပြင်အခြေအနေများအထိ သွားရောက် သတင်းယူမှုများကိုလည်း MT Newsသတင်းဌာနက ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သမိုင်းစဉ်တစ်လျှောက် ပမာဏအများဆုံး မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနေရာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့သည့် သီပေါမြိုနယ်နှင့် မိုင်းရယ်မြိုနယ်တို့အတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၅ ခုကို ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည်။
သီပေါမြိုနယ်နှင့် မိုင်းရယ်မြိုနယ်တို့တွင် သမိုင်းစဉ်တစ်လျှောက် ပမာဏအများဆုံး မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို ဇန်နဝါရီ ၉ ရက်မှစတင်၍ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်လည်း ဖမ်းဆီးရမိမှုအသီးသီးကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ဒေသသများကို အပြတ်ရှင်းလင်းနိုင်ရေးအတွက် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ သမိုင်းစဉ်တစ်လျှောက် ပမာဏအများဆုံး ဖမ်းမိခဲ့သည့်နေရာနှင့် ဆက်စပ်နေသော မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာများအား ဇန်နဝါရီ ၁၈ ရက်တွင် ၂ ခု၊ ဇန်နဝါရီ ၁၉ ရက်တွင် ၁ ခု၊ ဇန်နဝါရီ ၂၀ ရက်တွင် ၁ ခုနှင့် ဇန်နဝါရီ ၂၂ ရက်တွင် ၁ ခု စုစုပေါင်း ၅ ခုကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၂ ရက်တွင် ဖမ်းဆီးရမိမှုတွင် အခိုင်အမာတည်ဆောက်ထားပြီး မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုကို အနီးကပ်လုံခြုံရေးပေးနေသည်ဟု ယူဆရသည့် SSA လက်နက်ကိုင် အဖွဲအစည်းအင်အားစုအချို့ နေထိုင်ခဲ့သည့်စခန်းကြီးတစ်ခုကိုပါ ပစ်ခတ်ခုခံမှုမရှိဘဲ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြိုနယ်နှင့် မိုင်းရယ်မြိုနယ်တို့အတွင်း ဖော်ထုတ်ရှင်းလင်းခဲ့မှုများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၂၂ ရက်အထိ အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၃ ခုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်သည့်နေရာဟု ယူဆရသည့်နေရာ ၂ ခုတို့ကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။
