၂၀. ၂. ၂၀၂၃

Written by Min Mahar

ရေမြောင်းအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသောအမျိုးသမီးအလောင်းတစ်လောင်းကို မတ္တရာမြို့နယ်တွင် ယနတိနေ့ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် နေ့လည် ၁၂ နာရီခန့်​က မန္တလေး၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာအနီး၊ ဆည်တော်ကြီးကျေးရွာမှ မတ္တရာမြို့သို့ ပေးပို့သော ရေမြောင်းအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသောအမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

သေဆုံးသွားသူမှာ မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာတွင်နေထိုင်သော အသက် ၅၄ နှစ်အရွယ်ခန့် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး ၎င်းသည် နောက်စေ့ကို သေနတ်ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် ယာဘက်မျက်လုံးထွက်နေသည့်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေကြောင်း သိရသည်။

အဆိုအလောင်းအား သတ်ဆိုင်ရာအဖွဲ့များက စစ်ဆေးမှုပြုလုပ်ခဲ့ပြီး မတ္တရာမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ဒေသခံလူမှုကူညီရေးယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *