




၁၁. ၁. ၂၀၂၆
Photo by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက် (ယနေ့)တွင် ကျင်းပလျက်ရှိရာ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ မဲရုံအမှတ် (၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇) တို့ကို အဆိုပါရပ်ကွက်ရှိ အ.လ.က (၄) ကျောင်းဝန်းအတွင်း ပြင်ဆင်ထားသည့် မြင်ကွင်းဖြစ်ပါသည်။
ရွေးကောက်ပွဲ အပိုင်း (၂) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၀၀ ၌ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန် စသည့်မြိုနယ် ၁၆ ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနေခြင်းဖြစ်သည်။





ရွေးကောက်ပွဲ အပိုင်း (၂)အတွက် ဆန္ဒမဲပေးရမည့် မဲရုံများအားလုံး နံနက် (၆) နာရီတွင် စတင်ဖွင့်လှစ်ပြီးနောက် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။ မဲရုံများမဖွင့်လှစ်မီ နံနက်အစောပိုင်းတွင် တာဝန်ရှိသူများက မဲရုံများတွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နေခြင်းဖြစ်သလို မဲပေးရန် လာရောက်စောင့်ဆိုင်းနေသည့် ပြည်သူများလည်းရှိနေသည်။
