




၁၀.၁.၂၀၂၆
Written By Thandar
Cloud Seven Productions က အနုပညာကို ဝါသနာပါတဲ့၊ မွေးထုတ်လိုက်တဲ့ Titan Boy Band နဲ့ Queen Girl Band အဖွဲ့တို့ကို မိတ်ဆက်၊ စာချုပ်ချုပ်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဆုမြတ်တို့ အဖွဲ့လေးကတော့ Queens ဆိုတဲ့နာမည်လေးနဲ့ ဂီတပိုင်းနဲ့ အကအပိုင်းလေးတွေပါတဲ့ အကုန်လုံးက ကြိုးစားအားထုတ်ထားကြပါတယ်။ သဘောကျကြမယ်ဆိုရင် Dancer ပိုင်းတွေရော အကောင်းဆုံးကြိုးစားထားပါတယ် “လို့ Queens အဖွဲ့ဝင် ဆုမြတ်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ MOU Signing Ceremony အနေနဲ့ Cloud Seven Productions & Entertainment Official Strategic Collaboration With Bebee TV & M Channel တို့နဲ့အတူ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပြီ ဖျော်ဖြေရေးတွေ ရုပ်သံလိုင်းတွေကို တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
Titan Boy Band အဖွဲ့က ယောကျ်ားလေး ၇ ဦး၊ Queen Girl Band အဖွဲ့က မိန်းကလေး ၇ ဦးတို့ကို အကောင်းဆုံး မိတ်ဆက်ချပြခဲ့တာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့ကို Cloud Seven Productions & Entertainment က စနစ်တကျ ရွေးချယ်ဖန်တီးထားတဲ့
ယောက်ျားလေး ၇ ဦးပါဝင်တဲ့ Boy Band အသစ်လေးပါ။ အနုပညာကို ဝါသနာပါတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရတယ်။ ရဲရင့်ခိုင်မာတဲ့ အင်အားနဲ့အတူ ထူးခြားတဲ့ အသံပါဝါ၊ ကိုယ်ပိုင် Attraction အားကောင်းစွာနဲ့ Titans ကို မကြာခင်မြင်တွေ့ရမှာပါ”လို့ Titan Boy Band အဖွဲ့က ပြောပါတယ်။
