၆.၁.၂၀၂၅
Written By Thandar
ဒရာမာဇာတ်လမ်းပုံစံ “ရင်နှင့်အမျှ” ဇာတ်လမ်းတွဲမှာ ရောင်စုံချစ်ခြင်းတွေ လိမ်ညာလှည့်ဖျားမှုတွေကြားက သူရိန်ဆိုတဲ့ ကာရိုက်တာနေရာနဲ့ အကောင်းဆုံး ပါဝင်ထားပါတယ်လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။
“ကျွန်တော့်အနေနဲ့ ရင်နှင့်အမျှ ဇာတ်လမ်းတွဲမှာ သူရိန်ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ ဒီကားမှာ လူတွေရဲ့ အရောင်စုံတဲ့ ချစ်ခြင်းမေတ္တာတွေကြားထဲမှာ လိမ်ညာလှည့်ဖျားမှုတွေရှိတယ်။ ဒီလိမ်ညာ လှည့်ဖျားတဲ့ ချစ်တဲ့သူတွေထက် ရိုးသားပြီးတန်ဖိုးထားတဲ့ ချစ်ခြင်းတွေရှိကြတယ်။ ဒီအရာတွေထက် ချစ်ခြင်းမေတ္တာက သာလွန်ကောင်းမွန်ကြောင်းကို ပြသသွားမယ့် ဒရာမာဇာတ်ကားကောင်းလေးပါ။ ထုတ်လွှင့်ပြသရင်လည်း ပရိသတ်တွေ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် တိုင်ရွန်ကပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း သက်ဦးမောင်၊ ဇာတ်ညွှန်း Skyward Art Team၊ ဒါရိုက်တာ အိ (အရုဏ်ဦး)က ရိုက်ကူးပြီး သရုပ်ဆောင် တိုင်ရွန်၊ အောင်ရဲထိုက်၊ ညီနန္ဒ၊ ဘုန်းမင်းနေလ၊ ဆန်းမင်းဟိန်းထွဋ်၊ သီရိစိုး၊ စနိုးကြည်ဖြူ၊ Hanna၊ စိုးမိုးကြည်၊ သုန္ဒြေဦးနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
“ရင်နှင့်အမျှ” ဇာတ်လမ်းတွဲကို လာမယ့် ဇန်နဝါရီ ၇ ရက်မှစပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ HEY Play Application၊ HEY Play YouTube Channel နဲ့ MRTV -4 ရုပ်သံလိုင်းတွေမှာ ပြသပေး သွားမှာဖြစ်ပါတယ်။
