



၅.၁.၂၀၂၆
Written by Thiri
လမ်းပေါ် ဘီးတစ်ဝက်တင်ကာရပ်ထားတဲ့ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်လို့ ကုန်တင်ယာဉ်မောင်း ဆေးရုံတင်ပို့ကုသစဉ် သေဆုံးခဲ့မှု အမြန်လမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
အဆိုပါဖြစ်စဉ်က ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့ မနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၀ /၅ ဖာလုံနဲ့ ၇၀/၆ ဖာလုံကြားမှာ ရပ်ထားတဲ့ ခရီးသည်ယာဉ်ကို ကုန်တင်ယာဉ်ကအရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားတဲ့ သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်အတွင်း ကုန်တင်ယာဉ်မှ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် သုခဝေစည်လူမှုကူညီရေးအသင်းယာဉ်နဲ့ မြို့ချောင်းတိုက်နယ်ဆေးရုံဆီ ကူညီပို့ဆောင်ပေးစဉ် လမ်းတင်သေဆုံးခဲ့ပြီးပေမယ့် ခရီးသည်တင်ယာဉ်ပေါ်ကခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း သိရပါတယ်။
သေဆုံးသူ ယာဉ်မောင်းရဲ့ ရုပ်အလောင်းကို မိသားစုက နေရပ်ပြန်လည် သယ်ယူလိုတာကြောင့် သုခဝေစည် လူနာတင်ယာဉ်နဲ့ပဲ မြို့ချောင်းဆေးရုံကနေ တောင်ကြီးမြို့ဆီ ပို့ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။
