MT News
၃၁. ၁၂. ၂၀၂၅
ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ် ၅၄/၂ဝ၂၅ ဖြင့် ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
ဦးဇော်မျိုးတင်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ စစ်ဘက်မူလတာဝန်များကိုပြန်လည်ထမ်းဆောင်စေခြင်းဖြစ်သည်။
ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေပြီးနောက် လစ်လပ်သွားသော ကယားပြည်နယ်ဝန်ကြီးချုပ်နေရာအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဦးစိန်ဦးကို ခန့်အပ်လိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၅၅/၂ဝ၂၅ အရ သိရှိရသည်။
