၂၀.၁၂.၂၀၂၅.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အာသံပြည်နယ်မှာ ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်က ရထားလမ်းကိုဖြတ်ကူးဖို့ ကြိုးစားနေတုန်းမှာပဲ မြန်နှုန်းမြင့်ရထားတစ်စင်းနဲ့တိုက်မိလို့ တောဆင်ခုနစ်ကောင် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ရထားမောင်းသူက ဆင်ကောင်ရေ ၁၀၀ ခန့်ပါဝင်တဲ့ ဆင်အုပ်တစ်အုပ်ကို ရထားလမ်းကိုဖြတ်ကူးဖို့ ကြိုးစားနေတာ မြင်တွေ့ခဲ့ရပါတယ်။ သူက အရေးပေါ်ဘရိတ်တွေကို အသုံးပြုပြီ ရထားကိုရပ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီး ဆင်အချို့ကို တိုက်မိခဲ့တယ်လို့ အိန္ဒိယရထားလမ်းပြောရေးဆိုခွင့်ရှိသူ ကာပင်ဂျာလ် ကီရှိုး ရှာမားက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။


အစပိုင်းမှာ ဆင်ရှစ်ကောင်သေဆုံးခဲ့တယ်လို့ သတင်းပို့ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆင်တစ်ကောင်က ဒဏ်ရာရ အသက်ရှင်နေသေးတာ အရာရှိတွေက တွေ့ရှိခဲ့တယ်လို့ အိန္ဒိယသတင်းဌာန Press Trust of India မှ ဖော်ပြခဲ့ပါတယ်။
အဆိုပါ ရထားမတော်တဆမှုမှာ ရထားတွဲငါးတွဲ လမ်းချော်ခဲ့ပေမယ့် ရထားပေါ်လိုက်ပါလာတဲ့ ခရီး သည် ၆၅၀ မှာ တစ်ယောက်မှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ရှာမားက ပြောပါတယ်။
ဒါ့ပြင် ရှာမားက “လမ်းချော်မသွားသေးတဲ့ တွဲတွေကို ကျွန်တော်တို့ ဖြုတ်လိုက်ပြီး ရထားက နယူးဒေလီ သွားမယ့်ခရီးစဉ်ကို ပြန်စခဲ့ပါတယ်။ လမ်းချော်နေတဲ့ တွဲငါးတွဲမှာ ပါတဲ့ ခရီးသည် ၂၀၀ လောက်ကိုတော့ တခြားရထားနဲ့ ဂူဝါဟာတီမြို့ကို ပို့ပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အိန္ဒိယသတင်းချန်နယ် NDTV က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြရာမှာ အိန္ဒိယနိုင်ငံရဲ့ Konyak လူမျိုးစုဟာ တောရိုင်းတိရစ္ဆာန်တွေကို ကယ်တင်ဖို့ ရိုးရာဓလေ့ကို ပြန်လည်စဉ်းစားနေပါတယ်။
အိန္ဒိယပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့အဆိုအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ရထားတိုက်မှုတွေမှာ တောဆင် ၈၁ ကောင်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Ref . DW News
